မန်ချက်စတာမြို့ရှိ တိုက်ခန်းအိမ်ယာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

မန်ချက်စတာမြို့ရှိ တိုက်ခန်းအိမ်ယာ၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

မန်ချက်စတာ၊ ဒီဇင်ဘာ ၃၁ ။     ။ မန်ချက်စတာမြို့ရှိ တိုက်ခန်းအိမ်ယာတစ်ခု၌ စနေနေ့အနှောင်းပိုင်းက မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်တွင် အာန်ဒေးလ်စင်တာအနီးရှိ ဂျွိုင်းနာလမ်းမကြီးထဲ မှ ၁၂ထပ်အမြင့်ရှိ တိုက်ခန်းအိမ်ယာ၏ ကိုးထပ်မြောက်၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားအထပ်များကို ပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထိုမီးလောင်ကျွမ်းမှုကြောင့် ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး ၂၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို မီးခိုးငွေ့မွန်နေသောကြောင့် ဆေးရုံသို့ လျင်မြန်စွာပို့ဆောင်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုခဲ့သည်။

မီးသတ်တပ်ဖွဲ့၏အဆိုအရ သစ်သားဖြင့်ဆောက်လုပ်ထားသော လသာဆောင်များကြောင့် မီးတောက်များသည် အခြားအထပ်များကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“လူပေါင်းများစွာကို အရေးပေါ်နေရာပြောင်းရွှေ့ပေးခဲ့ရပြီး လိုအပ်တဲ့သူတွေအတွက် ယာယီခိုနားစရာနေရာများ ဖန်တီးပေးသွားမှာဖြစ်ပါတယ်” ဟု မန်ချက်စတာ မီးသတ်တပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“အဆောက်အဦးနဲ့ အနီးတစ်ဝိုက်မှာ ဘေးကင်းလုံခြံုမှုရှိစေရန် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာ နေရာမှာ ရှိနေဆဲဖြစ်ပါတယ်” ဟုလည်း သတင်းထုတ်ပြန်ထားခဲ့သည်။ မီးလောင်ကျွမ်းမှု အကြောင်းရင်းကို လောလောဆယ်တွင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags