MAPCO က ယခုနှစ်အတွက် အမြတ်ဝေစုအဖြစ် အစုရှယ်ယာတစ်ထောင်(ကျပ်သိန်းတစ်ရာ)အောက် ရှယ်ယာရှင်များအား အမြတ်ဝေစုအနေဖြင့် ရှယ်ယာတစ်စုလျှင် ၁၂၀၀ ကျပ် ပေးမည်ဟုဆို

MAPCO က ယခုနှစ်အတွက် အမြတ်ဝေစုအဖြစ် အစုရှယ်ယာတစ်ထောင်(ကျပ်သိန်းတစ်ရာ)အောက် ရှယ်ယာရှင်များအား အမြတ်ဝေစုအနေဖြင့် ရှယ်ယာတစ်စုလျှင် ၁၂၀၀ ကျပ် ပေးမည်ဟုဆို

ဒီဇင်ဘာ ၃၁ ။           ။  မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) အနေဖြင့် အစုရှယ်ယာ တစ်ထောင် (ကျပ်သိန်းတစ်ရာ)အောက် ရှယ်ယာရှင်များအား အမြတ်ဝေစုအနေဖြင့် ရှယ်ယာတစ်စုလျှင်ကျပ် ၁၂၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား ရှယ်ယာရှင်များအား ဦးစားပေးသည့်အနေဖြင့် ယင်းကဲ့သို့ ခွဲဝေပေးခြင်းကြောင်း ကုမ္ပဏီ၏အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ဒီဇင်ဘာလ ၃၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့်နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ထားတာကတော့ အစုရှယ်ယာ တစ်ထောင်အထိပဲ ထည့်ထားတဲ့ ထည့်ဝင်မှုပေါ် မှာပဲ ၁၂ ရာခိုင်နှုန်းနဲ့ အမြတ်ခွဲဝေပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါဟာလည်း ကျွန်တော်တို့က အသေးစားနဲ့ အလတ်စားထည့်ဝင်ထားတဲ့ အစုရှယ်ယာသမားတွေကို ဦးစားပေးပြီးတော့ အစုရှယ်ယာအများကြီးထည့်ဝင် ထားတဲ့ ၁၂ ရာခိုင်နှုန်းဟာ အစုတစ်ထောင်အပေါ်မှာပဲ ယူတဲ့ပုံစံနဲ့ ဒီဘက်နှစ်ကိုလည်း ဆက်သွားဖို့ ဆုံးဖြတ် ထားပါတယ်" ဟု ဦးရဲမင်းအောင်က ဆိုသည်။

လက်ရှိ MAPCO တွင် အစုရှယ်ယာရှင်ပေါင်း (၁၂၈၀)ဦးမှာ အစုရှယ်ယာ တစ်ထောင်အောက် (ငွေကျပ်သိန်း တစ်ရာအောက်)ထည့်ဝင်ထားခြင်းဖြစ်ပြီး ကျန်အစုရှယ်ယာရှင် (၁၉၄)ဦးမှာ သိန်းတစ်ရာအထက် ထည့်ဝင်ထား သည့် ရှယ်ယာရှင်များဖြစ်ရာ

ယင်းကဲ့သို့ ခွဲဝေပေးမည်ဖြစ်သည့်အတွက် ရှယ်ယာရှင်များအနေဖြင့်  "ရှယ်ယာ တစ်စုကို တစ်သောင်းဆိုတော့ ၁၂၀၀ ၊ အစုတစ်ရာ (သိန်းတစ်ရာ)ဆိုရင်တော့ ၁၂ သိန်းရမှာပေါ့" ဟု ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသောင်းဝင်းက ဆိုသည်။

MAPCO အနေဖြင့် ကုန်သွယ်ရေးကို လျှော့ချကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆောင်ရွက်လျက်ရှိသဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၀င်ငွေ ကျပ် ၁၁ ဒသမ ၄၆ ဘီလီယံ နှင့် အသုံးစရိတ်မှာ ကျပ်၁၁ ဒသမ ၄၁ ဘီလီယံနီးပါး ဖြစ်ရာ ယခင်နှစ်ထက် အမြတ်ရရှိမှုမှာ ယခင်နှစ်၏ သုံးပုံတစ်ပုံနီးပါးသာရရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags