နယူးယော့ခ် တိုက်ခန်းတွဲ မီးလောင်မှု ကလေးတစ်ဦး မီးဖိုနှင့်ဆော့ကစားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ဟု အာဏာပိုင်များက ထုတ်ပြန်

နယူးယော့ခ် တိုက်ခန်းတွဲ မီးလောင်မှု ကလေးတစ်ဦး မီးဖိုနှင့်ဆော့ကစားရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ဟု အာဏာပိုင်များက ထုတ်ပြန်

ဒီဇင်ဘာ ၃၀ ။          ။ လူ ၁၂ ဦး သေဆုံးခဲ့ရသည့် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ လူနေတိုက်ခန်းတွဲတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ  သုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး မီးဖိုနှင့် ဆော့ကစားရာကနေ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာန အကြီးအကဲက ထုတ်ပြန်ပြောဆိုသွားပါတယ်။

အဆိုပါ တိုက်ခန်းတွဲ မီးလောင်မှုကြောင့် ကလေးငယ် လေးဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

" ဒီမီးလောင်ရခြင်းရဲ့ အကြောင်းရင်းကို စုံစမ်းလိုက်တဲ့အခါမှာတော့ မီးက အဆောက်အအုံ ပထမထပ် မီးဖိုချောင်တစ်ခုကနေ စလောင်ခဲ့တာကို သွားတွေ့ရပါတယ်၊ အဲဒီမှာ အသက် သုံးနှစ်ခွဲလောက်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ဦး မီးဖိုမှာ ဆော့နေခဲ့တာပါ၊ အဲဒီကနေ စလောင်တာပါ" လို့ နယူးယော့ခ်မြို့ မီးသတ်ဌာန အကြီးအကဲ ဒန်နီရယ် နိုင်ဂရိုက  သတင်းထောက်တွေကို ပြောပါတယ်။

" မီး စလောင်လောင်ချင်း အမေဖြစ်သူက သတိမထားမိသေးပါဘူး၊ အဲဒီမှာ  လူငယ်တစ်ယောက်က အော်ပြီး ပြောမှ သူ သိခဲ့ရပါတယ်" လို့ ၎င်းက ထပ်လောင်းပြောကြားသွားပါတယ်။ ဒဏ်ရာရရှိသွားသူ လေးဦးကတော့ လက်ရှိအချိန်မှာ အခြေအနေစိုးရိမ်နေရတယ်လို့ သိရပါတယ်။

ယခုလို လူသေဆုံးစေတဲ့ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကတော့ ယင်းမြို့ သမိုင်းမှာ  ဆိုးဝါးတဲ့ မီးလောင်မှုတစ်ရပ် လည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly