ကနေဒါနှင့် အမေရိကန် မြောက်ပိုင်းတွင် အအေးလွန်ကဲနေပြီး သတိပေးချက်များ ထုတ်ပြန်ထားရ

ကနေဒါနှင့် အမေရိကန် မြောက်ပိုင်းတွင် အအေးလွန်ကဲနေပြီး သတိပေးချက်များ ထုတ်ပြန်ထားရ

ဒီဇင်ဘာ ၃၀ ။        ။ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့တွင် ယခုအခါ အလွန်အေးမြတဲ့ ရာသီဥတုနဲ့ ကြံုတွေ့နေရလျက်ရှိပြီး အအေးလွန်ကဲမှု သတိပေးချက်များ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

ကနေဒါနိုင်ငံတစ်ဝှမ်းမှာ ယခုအခါ အလွန်အမင်း အအေးဒဏ်ကျရောက်နိုင်မှု သတိပေးချက်တွေ ထုတ်ပြန်ထားရပြီး ယင်းသတိပေးချက်ထုတ်ပြန်ထားရတဲ့ ပြည်နယ်ဒေသတွေထဲမှာတော့ လူနေထူထပ်တဲ့ Ontario နဲ့ Quebec တို့လည်း ပါ၀င်နေလျက်ရှိပါတယ်။

အမေရိကန်နိုင်ငံ Ohio ပြည်နယ် Cincinnati မြို့ ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင်လည်း ပြီးခဲ့တဲ့ရက်က အိမ်ယာမဲ့ အမျိုးသမားတစ်ဦး အအေးလွန် သေဆုံးသွားကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Pennsylvania ပြည်နယ်က ဒေသခံတွေဟာလည်း ထူထဲစွာ ကျဆင်းနေသော နှင်းထုကို ဘူဒိုဇာသုံးပြီး ရှင်းထုတ်နေရသည့် အခြေအနေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။

ကနေဒါနိုင်ငံ Toronto မြို့တွင် အပူချိန်မှာ အနှုတ် ၁၅ ဒီဂရီ ဆဲလ်စီယပ်၊ Ottawa မြို့မှာ အနှုတ် ၂၅ ဒီဂရီ ဆဲလ်စီယပ်တို့ ရှိနေပြီး နိုင်ငံရှိ အအေးဆုံး နေရာကနေ Armstrong မြို့မှာ အနှုတ် ၄၂ ဒသမ ၈ ဒီဂရီ ဆဲလ်စီယပ် ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို အအေးဒဏ်လွန်ကဲမှုဟာ လာမယ့်ဇန်နဝါရီ အစောပိုင်းအထိ ဆက်ရှိနေလိမ့်မယ်လို့ ကနေဒါ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags