ဗီယက်နမ်တွင် အွန်လိုင်းပေါ် ဆိုင်ဘာစစ်သား တစ်သောင်း ဖြန့်ကြက်ထားခြင်းအပေါ် ဝေဖန်မှုများ ရှိနေ

ဗီယက်နမ်တွင် အွန်လိုင်းပေါ် ဆိုင်ဘာစစ်သား တစ်သောင်း ဖြန့်ကြက်ထားခြင်းအပေါ် ဝေဖန်မှုများ ရှိနေ

ဟိုချီမင်းစီးတီး၊ ဒီဇင်ဘာ ၂၉ ။          ။ ဗီယက်နမ်နိုင်ငံတွင် အွန်လိုင်းပေါ် သဘောထားကွဲလွဲမှုများကို ချေမှုန်းရေး ဆိုင်ဘာစစ်သား တစ်သောင်းအား ဖြန့်ကြက်ချထားခြင်းသည် ကွန်မြူနစ်နိုင်ငံအတွင်း လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်သည့် မနှစ်မြို့ဖွယ် ဆောင်ရွက်ထားရှိမှုဖြစ်ကြောင်း လူ့အခွင့်အရေးအုပ်စုတစ်ရပ်က ပြောသည်။

အိမ်နီးချင်း တရုတ်နိုင်ငံကဲ့သို့ လူမှုမီဒီယာကို ပိတ်ပင်ထားခြင်း မရှိသော်လည်း အွန်လိုင်းပေါ် ဝေဖန်သူများကို ဖမ်းဆီးထောင်တန်းချခြင်းနှင့် တက်ကြွလှုပ်ရှားသူများကို အနီးကပ်စောင့်ကြည့်ခြင်းများ ဗီယက်နမ်နိုင်ငံအတွင်း ရှိနေသည်။

အင်တာနက်ပေါ် ပျံ့နှံ့နေသော မှားယွင်းသည့် အမြင်သဘောထားများကို ချေမှုန်းရေး တပ်ဖွဲ့ ၄၇ အမည်ဖြင့် အင်အား တစ်သောင်းပါ တပ်မစုကို ဖွဲ့စည်းလုပ်ဆောင်နေသည်ဟု ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြသည်။

အဆိုပါ တပ်ဖွဲ့ ၄၇ ၏ တာဝန်ထမ်းဆောင်မည့် လုပ်ငန်းကဏ္ဍပို်င်းနှင့် ပတ်သက်ကာ လတ်တလော မသိရသေးသော်လည်း စောင့်ကြည့်သူများက အွန်လိုင်းတက်ကြွလှုပ်ရှားသူများကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ယင်းဆိုင်ဘာစစ်သားများက ဆင်နွှဲလိမ့်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါ ဆိုင်ဘာစစ်သားများအရေး အခွင့်အရေးအဖွဲ့များက ဝေဖန်ပြောဆိုလျက်ရှိသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ညွှန်ကြားရေးမှူး ဖီလ်ရောဘတ်ဆန်က “အခု ဆိုင်ဘာစစ်တပ်ကို ထားရှိဖွဲ့စည်းထားတာ ကြေညာလိုက်တာဟာ သဘောထားကွဲလွဲမှုတွေကို ဗီယက်နမ်ရဲ့ နှိပ်ကွပ်နေမှုတွေမှာ မနှစ်မြို့ဖွယ် ထပ်လောင်းအားဖြည့်လိုက်တာပါပဲ။”ဟု ပြောသည်။

ယင်းဆိုင်ဘာတပ်ကို ဖွဲ့စည်းခြင်းသည် အွန်လိုင်းဝေဖန်သူများအား ကြိုးတင်းသထက်တင်းအောင် ထပ်တိုးချည်နှောင်လိုက်ခြင်းအဖြစ် အခြားအဖွဲ့များက ပြောကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly