အရပ်သားနှစ်ဦးကို ရာဇဝတ်သားနဲ့ မှားပြီး ပစ်သတ်ခဲ့တဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲဲ့ဝင် ၁၁ ဦးအား တာဝန်မှ ရပ်စဲ

အရပ်သားနှစ်ဦးကို ရာဇဝတ်သားနဲ့ မှားပြီး ပစ်သတ်ခဲ့တဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲဲ့ဝင် ၁၁ ဦးအား တာဝန်မှ ရပ်စဲ

ဒီဇင်ဘာ ၂၉

ဖိလစ်ပိုင်တွင် အရပ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို သေနတ်သမားများ ပါလာသည့် ကားဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က အထင်မှားပြီး မှားယွင်း ပစ်ခတ်ခဲ့မိရာ နှစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က မနီလာမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ ဖြစ်ပွားသွားခဲ့သည့် ယင်းဖြစ်စဉ်အတွက် အဓိက တာဝန်ရှိသည့် ရဲဝန်ထမ်း ၁၁ ဦး မှာ ယခုအခါ တာဝန်ကနေ ရပ်စဲခံလိုက်ရပြီ ဖြစ်သည်။

ယင်းအချိန်က အဆိုပါ ရပ်ကွက်နေပြည်သူအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းရသဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များက ယင်းနေရာသို့ ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ဖိလစ်ပိုင်ရဲများက ဗင်ကားတစ်စီးကို အဆိုပါ ရန်ပွဲတွင်ပါ၀င်ခဲ့သည့် သေနတ်သမားများ လိုက်ပါလာသောကားဟု ယူဆပြီး မတော်တဆ ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ကားသို့ သွားရောက်စစ်ဆေးရာတွင် သာမန်အရပ်သားများသာ လိုက်ပါလာသည့် ကားဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ယင်းကဲ့သို့ ဖိလစ်ပိုင်ရဲများ၏ မှားယွင်းပစ်ခတ်မှုကြောင့် ကားထဲတွင် လိုက်ပါလာသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး အခြားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။

" ဒီလို မတော်တဆမှုနဲ့ပတ်သက်လို့ ဘာဆင်ခြေမှ မပေးချင်တော့ပါဘူး၊ နှစ်ဦးသေပြီး ကျန်နှစ်ဦး ဒဏ်ရာရသွားပါတယ်" ဆိုပြီး မနီလာရဲတပ်ဖွဲ့အကြီးအကဲ အော်စကာ အယ်လ်ဘာယယ်လ်ဒီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly