အေစီမီလန်နည်းပြဟောင်းမွန်တဲလားကို နည်းပြသစ်အဖြစ် ဆီးဗီးလားအသင်းခန့်အပ်

အေစီမီလန်နည်းပြဟောင်းမွန်တဲလားကို နည်းပြသစ်အဖြစ် ဆီးဗီးလားအသင်းခန့်အပ်

ဒီဇင်ဘာ ၂၉၊ စပိန်

လာလီဂါကလပ် ဆီဗီလာအသင်းသည် အေစီမီလန်အသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြမွန်တဲလားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဆီဗီလာအသင်းနှင့် မွန်တဲလားတို့မှာ ၂၀၁၉ ခုနှစ်အထိ စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ကြကြောင်း စပိန်ကလပ်၏အသင်းပိုင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မွန်တဲလားနှင့်အတူ အေစီမီလန်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နည်းပြအဖွဲ့ဝင်များလည်း ဆီဗီလာအသင်းသို့ ရောက်ရှိလာကြမည် ဖြစ်သည်။

မွန်တဲလားအနေဖြင့် ဆီဗီလာနည်းပြအဖွဲ့ဝင်အချို့ကို အပြောင်းအလဲပြုလုပ်မည်ဖြစ်သော်လည်း ၂၀၀၆ ခုနှစ်က ဆီဗီလာအသင်းနှင့်အတူ ယူအီးအက်ဖ်အေဖလားရရှိခဲ့သည့် အီတလီလူမျိုးနည်းပြအန်ဇိုမာရက်စ်ကာကိုတော့ အသင်းတွင် ဆက်ထားဖွယ်ရှိနေသည်။

မွန်တဲလားသည် စနေ့နေ့ နံနက်ပိုင်းတွင် ဆီဗီလာနည်းပြအဖြစ် စတင်တာဝန်ယူမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

ရည်ညွှန်း ဖွတ်ဘောအီတာလီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly