ငါးခိုးဖမ်းမှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယ တံငါသည် ၁၄၅ ဦးကို ပါကစ္စတန်က ပြန်လွှတ်

ငါးခိုးဖမ်းမှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယ တံငါသည် ၁၄၅ ဦးကို ပါကစ္စတန်က ပြန်လွှတ်

 

ကရာချိ၊ ဒီဇင်ဘာ ၂၈ ။           ။ ပါကစ္စတန် ရေပိုင်နက်ထဲ တရားမဝင် ငါးခိုးဖမ်းမှုဖြင့် ဖမ်းဆီးထားသော အိန္ဒိယတံငါသည် ၁၄၅ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။

အဆိုပါ တံငါသည်များကို ဒီဇင်ဘာ ၂၈ ရက်တွင် လာဟိုးသို့ ဦးတည်သည့် ရထားတစ်စီးပေါ် တင်ပေးလိုက်ဖွယ်ရှိသည်။

အဆိုပါ လာဟိုးမြို့မှတစ်ဆင့် ဝါဂတ်စ်နယ်စပ်ကို ဖြတ်ကာ အိန္ဒိယနို်င်ငံတွင်း ပြန်လည်ပို့ဆောင်ပေးဖွယ် ဖြစ်သည်။

နောက်ထပ် အိန္ဒိယတံငါသည် အုပ်စုကိုလည်း လာမည့် ရက်အနည်းငယ်အတွင်း ထပ်မံပြန်လွှတ်ပေးဖွယ်ရှိနေကြောင်း ပါကစ္စတန် လူမှုရေးရာစီမံကိန်းအဖွဲ့မှ ဖီဆယ်အိဒ်ဟီက ပြောသည်။

အိန္ဒိယအစိုးရအနေဖြင့် အပြန်အလှန် တုံ့ပြန်ကာ ၎င်းတို့ဖက်က ဖမ်းဆီးထားသော ပါကစ္စတန်ငါးဖမ်းသမားများကို ပြန်လည်လွှတ်ပေးရန် အိဒ်ဟီက တောင်းဆိုပြောကြားသည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ ရေပိုင်နက်အတွင်း ခိုးဝင်ငါးဖမ်းသည်ဆိုကာ တစ်နိုင်ငံမှ ငါးဖမ်းသမားများကို ကျန်တစ်နိုင်ငံက ဖမ်းဆီးထောင်ချခြင်းများ အပြန်အလှန် လုပ်ဆောင်မှုများ ရှိထားသည်။

နှစ်နိုင်ငံစလုံး၏ အကျဉ်းထောင်များအတွင်း ဖမ်းဆီးထောင်ချခံထားရသော တံငါသည်များမှာ ရာပေါင်းများစွာ ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly