လက်ရေးလှစွမ်းရည် ပြသခဲ့တဲ့ ဂျပန်နိုင်ငံက ပင်လယ်ဖျံလေး Mr. Chen

လက်ရေးလှစွမ်းရည် ပြသခဲ့တဲ့ ဂျပန်နိုင်ငံက ပင်လယ်ဖျံလေး Mr. Chen

 

ဒီဇင်ဘာ ၂၈ ။          ။ ဂျပန်နိုင်ငံက အပန်းဖြေ ဥယျာဉ်တစ်ခုမှာတော့ Mr.Chen အမည်ရ ပင်လယ်ဖျံလေးတစ်ကောင်က ယင်းရဲ့ ထူးခြားလှတဲ့ လက်ရေးလှ စွမ်းရည်ကို ထုတ်ဖော်ပြသသွားခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ ယိုကိုဟားမား ဟက်ကိုင်ဂျီမာ အပန်းဖြေ ဥယျာဉ်မှာ အဆိုပါ ပင်လယ်ဖျံလေး Mr. Chen က ယင်းရဲ့ လက်ရေးလှ စွမ်းရည်ကို လာရောက်ကြည့်ရှုတဲ့ ပွဲကြည့်ပရိသတ်ရှေ့မှောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ယခု စွမ်းရည်ပြသမှုမှာ Mr. Chen ကတော့ လာမယ့်နှစ် တရုတ်တို့ရဲ့ ဆယ့်နှစ်ရာသီကောင် သင်္ကေတ ဖြစ်တဲ့  ခွေး ဆိုတာကို တရုတ် စာလုံးနဲ့ လှလှပပ ရေးပြသွားခဲ့တာ ဖြစ်ပါတယ်။

ယခုလို ပင်လယ်ဖျံတစ်ကောင်ရဲ့ စာလုံးလှ ရေးသားနိုင်မှု စွမ်းရည်ကိုတွေ့ရတော့ လာရောက်ကြည့်ရှုကြသူ ဧည့်ပရိသတ်တွေ အံ့အားသင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။

" သူက တကယ် ဉာဏ်ကောင်းတဲ့ တိရိစ္ဆာန်တစ်ကောင်ပါ၊ ဒါကို ချောချောမွေ့မွေ့နဲ့ လုပ်သွားနိုင်ပါတယ်၊ သူ တကယ်တော်ပါတယ်" ဆိုပြိး ထရိန်နာ ဖြစ်တဲ့ ယူကီ တာကီဒါက ပြောသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly