ဂျာမနီတွင် ရေပေါ်ခရီးသွားဟိုတယ်သင်္ဘောတစ်စီး တံတားနှင့် ဝင်တိုက်ရာမှ လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရ

ဂျာမနီတွင် ရေပေါ်ခရီးသွားဟိုတယ်သင်္ဘောတစ်စီး တံတားနှင့် ဝင်တိုက်ရာမှ လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရ

 

ဘာလင်၊ ဒီဇင်ဘာ ၂၇ ။              ။ ဂျာမနီအနောက်ပို်င်း ရိန်းမြစ်အတွင်း ခရီးသွားဟိုတယ်သင်္ဘောတစ်စီးသည် တံတားတစ်စင်းနှင့် ဝင်တိုက်က်မိခဲ့ရာမှ လူပေါင်းအနည်းဆုံး ၂၅ ဦး ဒဏ်ရာရကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

နယ်သာလန်သို့ ဦးတည်ခုတ်မောင်းသော အဆိုပါ Swiss Crystal ရေပေါ်ခရီးသွားဟိုတယ်သည် ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက Duisburg မြို့အနီးရှိ တံတားတိုင်နှင့် တိုက်မိခြင်း ဖြစ်သည်။

စုစုပေါင်း ဒဏ်ရာရသူမှာ ၂၅ ဦးရှိပြီး ငါးဦး၏ အခြေအနေက စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် အိုလီဗာက ပြောသည်။

ခရီးသည် ၁၀၃ ဦးနှင့် အမှုထမ်း ၂၆ ဦးကို အခြားသင်္ဘောတစ်စီးသို့ တင်ဆောင်ကာ Duisburg ရဲဌာနသို့ ပို့ဆောင်ပေးခဲ့ရသည်။

အပြင်းအထန် ဒဏ်ရာရသူတွင် လေးဦးမှာ ဆေးရုံပေါ်မှ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက ပြန်လည်ဆင်းခဲ့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝင်တိုက်မိသည့် တံတားကို စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် ပိတ်ထားကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly