နှစ် ၂၀၀ သက်တမ်းရှိ အိမ်ဖြူတော် တတိုင်းမွှေးသစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်းမည်

နှစ် ၂၀၀ သက်တမ်းရှိ အိမ်ဖြူတော် တတိုင်းမွှေးသစ်ပင်ကြီးအား ခုတ်ထွင်ရှင်းလင်းမည်

 

ဝါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၂၇ ။            ။ အမေရိကန်သမ္မတဟောင်း အင်ဒရူးဂျက်ဆင် စိုက်ပျိုးခဲ့သော အိမ်ဖြူတော် တောင်ဖက်မြေကွက်လပ်မှ တတိုင်းမွှေး သစ်ပင်ကြီးမှ အစိတ်အပိုင်းတော်တော်များများကို လုံခြံုရေးနှင့် ဘေးအန္တရာယ်အခြေအနေကြောင့် ခုတ်ထွင်ရှင်းလင်းမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်သည်။

အမေရိကန်အမျိုးသားရုက္ခဗေဒဥယျာဉ်မှ အဆိုပါ နှစ် ၂၀၀ သက်တမ်းရှိ တတိုင်းမွှေးပင်ကြီးနှင့် ပတ်သက်သော အစီရင်ခံစာကို သမ္မတ ထရမ့်၏ ဇနီးဖြစ်သူ မယ်လန်နီယာထရမ့်က သုံးသပ်ပြီးနောက် အခြားရွေးချယ်စရာများ စိစစ်ခဲ့ကြောင်း၊ လုံခြံုဘေးအန္တရာယ်အကြောင်းပြချက်ရှိ၍ သစ်ပင်ကြီး၏ အကိုင်းအခက် ကြီးကြီးမားမားကို ခုတ်ထွင်ဖယ်ရှားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သမ္မတကတော်၏ ပြောရေးဆိိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

သမ္မတ ထရမ့်နှင့် မိသားစုများ အားလပ်ရက်အဖြစ် ဖလော်ရီဒါရှိနေအိမ်တွင် ရှိနေချိန် ယခုသီတင်းပတ်အတွင်း သစ်ပင်ကြီးကို ခုတ်ထွင်ဖယ်ရှားရေး စီစဉ်ထားသည်။

သမ္မတဟောင်း အင်ဒရူးဂျက်ဆင်သည် ၁၈၃၅ ခုနှစ်အတွင်းက အဆိုပါ တတိုင်းမွှေးပင်ကြီးကို အိမ်ဖြူတော်ဝင်းအတွင်း စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

တောင်ဖက်ဆင်ဝင် အနောက်ဖက်တွင် စိုက်ပျိုးထားခြင်းဖြစ်ပြီး ဆန့်ကျင်ဖက်တွင်လည်း ဒုတိယမြောက် တတိုင်းမွှေးပင်ကို စိုက်ပျိုးထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly