ပီရူးတွင် ထောင်ဒဏ် နှစ်အစိတ် ကျခံနေရသော သမ္မတဟောင်းကို လွတ်ငြိမ်းခွင့်ပေး၍ ဆန္ဒပြ

ပီရူးတွင် ထောင်ဒဏ် နှစ်အစိတ် ကျခံနေရသော သမ္မတဟောင်းကို လွတ်ငြိမ်းခွင့်ပေး၍ ဆန္ဒပြ

 

လီမာ၊ ဒီဇင်ဘာ ၂၆ ။                 ။ ပီရူးသမ္မတက သမ္မတဟောင်းဖြစ်သူ အယ်ဘာတိုဖူဂျီမိုရီကို ကျန်းမာရေးအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ဒီဇင်ဘာ ၂၅ ရက်တွင် လမ်းများပေါ် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်သည်။

သမ္မတ ပီဒရိုပါဘလိုက ဒီဇင်ဘာ ၂၄ ရက် ညပိုင်းက လူ့အခွင့်အရေး အလွဲသုံးစားမှုများ၊  အကျင့်ပျက်ခြစားမှုနှင့် လက်မရွံ့အဖွဲ့များ ဖွဲ့စည်းမှုများဖြင့် ထောင်ဒဏ် နှစ်အစိတ် ချခံနေရသော ဖူဂျီမိုရီကို ကျန်းမာရေးအရ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ခြင်း ဖြစ်သည်။

ခရစ္စမတ်အကြိုက သမ္မတ၏ ယင်းကြေညာချက်တွင် သမ္မတဟောင်း၌ ကုသမပျောက်ကင်းနိုင်သည့် ကျန်းမာရေးပြဿနာများ ရှိနေသည်ကို ဆရာဝန်များက မှတ်ချက်ပေးထားသဖြင့် လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထူးထူးကဲကဲ ကုသစောင့်ရှောက်မှုဖြင့် ထားသော်လည်း ဖူဂျီမိုရီအတွက် ကုန်လွန်ခဲ့သည့် ၁၂ နှစ်တာအတွင်း အပျော််ရွှင်ဆုံး ခရစ္စမတ်နေ့ပင်ဖြစ်ကြောင်း ၎င်း၏ သမီးဖြစ်သူ ကီကိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly