ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စွမ်းဆောင်မှုမြင့်မားဆုံး အဆင့်ရပ်တည်မှု ဇယားမှာ ရီးယဲလ်မက်ဒရစ် ထိပ်ဆုံးနေရာဖြင့် ၂၀၁၇ ကို ပိတ်သိမ်း

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စွမ်းဆောင်မှုမြင့်မားဆုံး အဆင့်ရပ်တည်မှု ဇယားမှာ ရီးယဲလ်မက်ဒရစ် ထိပ်ဆုံးနေရာဖြင့် ၂၀၁၇ ကို ပိတ်သိမ်း
(ဓာတ်ပုံ - အီးပီအေ)

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က စီစစ်ရွေးချယ်တဲ့ စွမ်းဆောင်မှုမြင့်မားတဲ့ ကလပ်အသင်းများ အဆင့်သတ်မှတ်ချက်ဇယားမှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ထိပ်ဆုံးနေဖြင့် ၂၀၁၇ ခုနှစ်ကို ပိတ်သိမ်းနိုင်ခဲ့ပြီး ထိပ်ဆုံး (၁၀) သင်းမှာ အင်္ဂလန် ကလပ်တစ်သင်းသာ ပါဝင်နိုင်ခဲ့ပါတယ်။

အဆိုပါ အဆင့်သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ၅ နှစ် အတွင်း ကလပ်အသင်းများရဲ့ စွမ်းဆောင်ရည် ရလဒ်များအပေ အခြေခံထားပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြှောက်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ရမှတ် ၁၄၈,၀၀၀ ဖြင့် ပထမနေရာမှာ ရပ်တည်နေပြီး လက်ရှိ လာလီဂါဇယား ဦးဆောင်သူနှင့် ပြိုင်ဘက် ဘာစီလိုနာက ရမှတ် ၁၂၆,၀၀၀ ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်က ရမှတ် ၁၂၅,၀၀၀ ဖြင့် တတိယ၊ သူ့နောက်မှာ ရမှတ် ၁၂၂,၀၀၀ ဖြင့် အက်သလက်တီကိုအသင်း ရှိနေပါတယ်။

ဥရောပကိုယ်စားပြု နိုင်ငံအသင်းများရဲ့ စွမ်းဆောင်ရည်မြင့်မားဆုံး အသင်းတွေကတော့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီက ရမှတ် ၄၀,၇၄၇ ဖြင့် ထိပ်ဆုံးက ဦးဆောင်နေပြီး သူ့နောက်မှာ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံနှင့် စပိန်အသင်းတို့ အသီးသီး အစဉ်လိုက် ရပ်တည်နေပါတယ်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ကလပ်အဆင့်သတ်မှတ်မှု

၁။ ရီးယဲလ်မက်ဒရစ် (စပိန်) ၁၄၈,၀၀၀
၂။ ဘာစီလိုနာ (စပိန်) ၁၂၆,၀၀၀
၃။ ဘိုင်ယန်မြူးနစ် (ဂျာမနီ) ၁၂၅,၀၀၀
၄။ အက်သလက်တီကိုမက်ဒရစ် (စပိန်) ၁၂၂,၀၀၀
၅။ ဂျူဗင်တပ်စ် (အီတလီ) ၁၂၀,၀၀၀
၆။ ပီအက်စ်ဂျီ (ပြင်သစ်) ၁၀၉,၀၀၀
၇။ ဆီဗီလာ (စပိန်) ၁၀၈,၀၀၀
၈။ မန်ချက်စတာစီးတီး (အင်္ဂလန်) ၉၇,၀၀၀
၉။ ဒေါ့မွန် (ဂျာမနီ) ၉၅,၀၀၀
၉။ ဘင်ဖီကာ (ပေါ်တူဂီ) ၉၅,၀၀၀

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံအသင်းများ အဆင့်ရပ်တည်မှု

၁။ ဂျာမနီ ၄၀,၇၄၇
၂။ ပေါ်တူဂီ ၃၈,၆၅၅
၃။ ဘယ်လ်ဂျီယံ ၃၈,၁၂၃
၄။ စပိန် ၃၇,၃၁၁
၅။ ပြင်သစ် ၃၆,၆၁၇
၆။ အင်္ဂလန် ၃၆,၂၃၁
၇။ ဆွစ်ဇလန် ၃၄,၉၈၆
၈။ အီတလီ ၃၄,၄၂၆
၉။ ပိုလန် ၃၂,၉၈၂
၁၀။ အိုင်ယာလန် ၃၁,၁၅၅

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly