အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ ဌာနချုပ်အနီး အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံး

အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ ဌာနချုပ်အနီး အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံး

ဒီဇင်ဘာ ၂၅ ။           ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့က ထောက်လှမ်းရေးအေဂျင်စီ အဆောက်အအုံအနီးမှာ ဒီဇင်ဘာ ၂၅ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်လို့ အရပ်သား ခြောက်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ယင်းတိုက်ခိုက်မှုကတော့ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် အကြမ်းဖက်အုပ်စုက ထုတ်ပြန်ကြေညာပါတယ်။

အာဖဂန် ထောက်လှမ်းရေး အေဂျင်စီ ဖြစ်တဲ့ အမျိုးသား လုံခြံုရေး ဦးစီးဌာန NDS ရုံးကို ၀န်ထမ်းတွေ ရောက်လာချိန်မှာပဲ တိုက်ခိုက်သူက ၀င်ရောက် ဖောက်ခွဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်းပဲ ကဘူးလ်မြို့က NDS လေ့ကျင့်ခန်းစင်တာတစ်ခုကို စစ်သွေးကြွတွေ ၀င်ရောက်တိုက်ခိုက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ပေါ်ပေါက်ထားခဲ့ပါသေးတယ်။

အသေခံဖောက်ခွဲရေးသမားရဲ့ တိုက်ခိုက်မှုကြောင့် ကားတစ်စီးအတွင်း အရပ်သားခြောက်ဦး သေဆုံးသွားကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဘ် ဒါနစ်ရှ်က အေအက်ဖ်ပီကို ပြောပါတယ်။

ဒဏ်ရာရသူ သုံးဦး ရှိခဲ့တယ်လို့ သိရပါတယ်။

" သေဆုံးသွားသူတွေ တိုယိုတာ ဆီဒင်ကားနဲ့ ဒီ ဧရိယာထဲ ၀င်လာချိန်မှာ ခုလို ဗုံးခွဲခံလိုက်ရတာပါ၊ ဒီတိုက်ခိုက်မှုမှာ ဘာကို အဓိကထားတိုက်ခိုက်တာလဲ  ဆိုတာကိုတော့ ခုထိ ရှင်းရှင်းလင်းလင်း  မသိရသေးပါဘူး၊ မိန်းလမ်းမကြီးပေါ်မှာဖြစ်သွားတာပါ" လို့  ဒါနစ်ရှ်က ပြောသွားပါတယ်။

ယခု ဗုံးခွဲတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း အစ္စလမ္မစ် နိုင်ငံတော် အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly