အိန္ဒိယမြောက်ပိုင်းမှာ အအေးလှိုင်းဖြတ်မှုကြောင့် ပြည်သူအများ ထိခိုက်ခံစား

အိန္ဒိယမြောက်ပိုင်းမှာ အအေးလှိုင်းဖြတ်မှုကြောင့် ပြည်သူအများ ထိခိုက်ခံစား

ဒီဇင်ဘာ ၂၅ ။         ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အအေးလှိုင်းဖြတ်မှုကြောင့် ပြည်သူအများ ထိခိုက်ခံစားနေကြလျက်ရှိပါတယ်။ ယင်းအအေးလှိုင်းကြောင့် မြို့တော် ဒေလီက မြို့ခံပြည်သူတွေ ထိခိုက်ခံစားနေကြရသလို မီးရထားခရီးစဉ်ပေါင်း ၂၆ ခုအထိ  နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။

ဒီဇင်ဘာ ၂၅ ရက်မှာတော့ မြို့တွင်းမှာ မီးခိုးမြူတွေ ထူထပ်စွာ ကျဆင်းနေတာကြောင့် ရထားခရီးစဉ် ခြောက်ခုကို အချိန်ရွှေ့ဆိုင်းခဲ့ရပြီး ကျန် ၁၇ ခုကိုတော့ လုံ့ဝ ဖျက်သိမ်းခဲ့ရပါတယ်။

ဆောင်းကာလ ၀င်လာတာနဲ့အတူ မြို့တွင်းမှာ မြူခိုးငွေ အု့ံဆိုင်းထူထပ်နေတာကြောင့်လည်း မီးရထားပြေးဆွဲမှုလိုမျိုး အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာ ထိခိုက်နှောင့်နှေးစေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မီးရထား ခရီးစဉ် ၁၇ ခုထိ ဖျက်သိမ်းခဲ့ရပြီး ကျန် ၁၉ ခု အချိန်နှောင်းနှေးခဲ့တာတွေ ရှိခဲ့ပါတယ်။ အချိန် ပြန်ရွှေ့ခဲ့ရတဲ့ ခရီးစဉ်ခြောက်ခုထိရှိခဲ့ပါတယ်။

ယင်းဒေသမှာတော့ မီးခိုးမြူတွေကြောင်င့ ပတ်ဝန်းကျင် မြင်နိုင်စွမ်းကျဆင်းနေသလို လေထုညစ်ညမ်းမှု လယ်ဗယ်ကလည်း မြင့်မားနေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly