စက်ရုပ်တွေကို ၀ိတ်တာတွေအဖြစ် တွေ့ရမယ့် အိန္ဒိယစားသောက်ဆိုင်

စက်ရုပ်တွေကို ၀ိတ်တာတွေအဖြစ် တွေ့ရမယ့် အိန္ဒိယစားသောက်ဆိုင်

ဒီဇင်ဘာ ၂၅ ။          ။ အိန္ဒိယနိုင်ငံတောင်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်မှာတော့ စားပွဲထိုးဝန်ထမ်းတွေအဖြစ် စက်ရုပ်တွေကို တာဝန်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ ဆိုင်မှာတော့ လာရောက်စားသုံးသူတွေ မှာယူတဲ့ အစားအသောက်တွေကို စက်ရုပ်ဝိတ်တာတွေက စားပွဲခုံတွေဆီအရောက် သယ်လာပို့ပေးမှာ ဖြစ်ပါတယ်။

လာရောက်စားသုံးသူတွေအနေနဲ့ အစားအသောက်တွေကို စားပွဲမှာ ထားပေးထားတဲ့ တက်ဘလက်တွေကနေတဆင့် မှာယူရတာဖြစ်ပြီး ယင်းမှာယူတဲ့ အစားအသောက်တွေကို ယခုလို စက်ရုပ်တွေက သယ်ယူပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

အဆိုပါ စက်ရုပ် စားပွဲထိုးတွေဟာ အစားအသောက်တွေ သယ်ယူလာပေးတဲ့အပြင် ဧည့်သည်တွေရဲ့ စားသောက်ပြီး အကြွင်းအကျန် တွေကိုပါ လာရောက်ယူဆောင်ရှင်းလင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။

ယခင်က "Momo" လို့ ပေးထားခဲ့တဲ့ ချန်နိုင်းမြို့က ယင်းစားသောက်ဆိုင်ကိုတော့ ယခုအခါ "စက်ရုပ် စားသောက်ဆိုင်" အဖြစ် ပြန်လည်နာမည်ပြောင်းထားတယ်လို့ သိရပါတယ်။

 ဒါ့အပြင် ယင်းစားသောက်ဆိုင်ကတော့ အိန္ဒိယနိုင်ငံမှာ ယခုလို စက်ရုပ်တွေနဲ့ စားပွဲထိုးပေးနေတဲ့ ပထမဆုံးသော ဆိုင်ဖြစ်တယ်လို့လည်း ယုံကြည်ရပါတယ်။

ယင်းဆိုင်မှာတော့ စားသုံးသူ ဧည့်သည်တွေအနေနဲ့ စက်ရုပ်တွေနဲ့ ၀န်ဆောင်မှုပေးတဲ့ အတွေ့အကြံုကို ရရှိနိုင်မှာဖြစ်သလို ယင်း ၀ိတ်တာစားပွဲထိုးတွေနဲ့လည်း အတူ ဓာတ်ပုံတွဲရိုက်နိုင်သေးတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly