လန်ဒန်တိရစ္ဆာန်ရုံတွင် မီးလောင်မှုဖြစ်ပွား

လန်ဒန်တိရစ္ဆာန်ရုံတွင် မီးလောင်မှုဖြစ်ပွား

လန်ဒန်၊ ဒီဇင်ဘာ ၂၃ ။         ။ လန်ဒန်မြို့လယ်ရှိ မီးလောင်မှုဖြစ်ပွား၍ လန်ဒန်မီးသတ်တပ်ဖွဲ့က သွားရောက်ငြိှမ်းသတ်ခဲ့ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

တိရစ္ဆာန်ရုံဝင်းခြံအနားတွင် ရှိသော စျေးဆိုင်တစ်ဆိုင် မီးလောင်ခြင်းဖြစ်ပြီး မီးသတ်အား ခေါ်ဆိုခဲ့ရာမှ ယခုကဲ့သို့ သွားရောက်ငြိှမ်းသတ်ခဲ့ရခြင်း ဖြစ်သည်။

လန်ဒန်တိရစ္ဆာန်ရုံတွင် လောင်သော အဆိုပါ မီးအား မီးသတ်ကား ဆယ်စီးနှင့်အတူ ဒါဇင်များစွာ မီးသတ်အင်အားဖြင့် ငြိှမ်းသတ်ခဲ့ရသည်။

မီးလောင်ရသည့် အကြောင်းရင်းအား မသိရသေးသော်လည်း မည်သည့်တိရစ္ဆာန်မှ ထိခိုက်မှု မရှိကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် တစ်နေ့တာအတွက် တိရစ္ဆာန်ရုံကို ပိတ်ထားမည်ဖြစ်ကြောင်း လန်ဒန်တိရစ္ဆာန်ရုံက တွစ်တာတွင် ရေးသားဖော်ပြသော်လည်း နောက်ထပ်မှတ်ချက်ပြု ရေးသားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags