ဖိလစ်ပိုင်တွင် အပူပိုင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ရ၄ ဦးထိ သေဆုံး

ဖိလစ်ပိုင်တွင် အပူပိုင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ရ၄ ဦးထိ သေဆုံး

ဒီဇင်ဘာ ၂၃ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ အပူပိုင်းမုန်တိုင်းတစ်ခု ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ယခုအခါ သေဆုံးသူဦးရေဟာ ရ၄ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ လက်ရှိအချိန်ထိလည်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်း တမ်ဘင်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က နိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံး ကျွန်းဖြစ်တဲ့ မင်ဒါနာအိုကျွန်းကို ၀င်ရောက်မွှေနှောက် တိုက်ခတ်ခဲ့ပြီးနောက် ရုတ်တရက် ရေလွှမ်းမိုးမှု၊ ရွှံ့ပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာတော့ တစ်နှစ်ကို ပျမ်းမျှ မုန်တိုင်း တိုက်ခတ်မှု အကြိမ်ရေ ၂၀ လောက် ကြံုရလေ့ရှိပြီး ယင်းမုန်တိုင်းအများစုမှာလည်း လူသေဆုံးမှုတွေ ရှိထားခဲ့ပါတယ်။  သို့ပေမယ့်လည်း လူဦးရေ သန်း ၂၀ လောက် ရှိတဲ့ မင်ဒါနာအိုကျွန်းမှာတော့ ယခုလို ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဖြစ်စဉ်မျိုးက ကြံုတောင့်ကြံုခဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက်မှာတော့ ရေကြီးတဲ့ ဧရိယာတွေမှာ ရေပြန်ကျသွားနေပြီ ဖြစ်ပြီး လက်ရှိအချိန်ထိတော့ လူပေါင်း ၁၂,၀၀၀ လောက် နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်နာရီ လေတိုက်နှုန်း ကီလိုမီတာ ၈၀ အထိ ရှိခဲ့တဲ့ မုန်တိုင်း တမ်ဘင်ကတော့ ယခုအခါ မင်ဒါနာအိုကျွန်းကို ဖြတ်ပြီး နိုင်ငံ တောင်ဘက်စွန်းဒေသကို ဦးတည်နေပြီး ဆက်လက်ပြီးတော့ အနောက်ဘက်က ဆက်လက်ရွေ့လျားသွားမယ်လို့ ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly