သြစတြီးယားတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွား

သြစတြီးယားတွင် ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွား

ဗီယင်နာ၊ ဒီဇင်ဘာ ၂၃ ။          ။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့အနီးတွင် ဒီဇင်ဘာ ၂၂ ရက်က ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားရာမှ လူပေါင်း ဒါဇင်ကျော် ဒဏ်ရာရကြောင်း အာဏာပိုင်များက ပြောသည်။

ခရစ်ဇန်ဒေါ့ဖ်မြို့ရှိ ဘူတာရုံတွင် ည ခြောက်နာရီဝန်းကျင်းက အဆိုပါ တိုက်မှုဖြစ်ပွားသည်ဟု မီးသတ်ဌာန ပြောခွင့်ရသူ ဖရန့်ဇ်ရီစပါဂါက သြစတြီးယားသတင်းအေဂျင်စီသို့ ပြောသည်။

ရထားတွဲဆိုင်းနှစ်ဆိုင်း တိမ်းမှောက်ပြီး တစ်ဆိုင်းမှာ လမ်းချော်သွားသည်။

မည်သည့်အတွက် ယခုကဲ့သို့ ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိမှု ဖြစ်စေသည့် အကြောင်းရင်းကို မသိရသေးပေ။

ဒဏ်ရာရသူအရေအတွက်မှာ ၁၅ ဦးမှ ၂၀ ကြားတွင် ရှိသည်ဟု သတင်းဌာနများက ဖော်ပြသည်။

ရထားတိုက်မှုဖြစ်ရာသို့ ကယ်ဆယ်ရေးရဟတ်ယာဉ်များ စေလွှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly