ရုရှအတွက် စပိုင်လုပ်ပေးသည့် ယူကရိန်း ၀န်ကြီးချုပ်၏ လက်ထောက်ဖြစ်သူအား တရားရုံးတင်

ရုရှအတွက် စပိုင်လုပ်ပေးသည့် ယူကရိန်း ၀န်ကြီးချုပ်၏ လက်ထောက်ဖြစ်သူအား တရားရုံးတင်

ကိဗ်၊ ဒီဇင်ဘာ ၂၃ ။              ။ ယူကရိန်း ၀န်ကြီးချုပ် ဗိုလိုဒိုမိုင်းယား ဂရိုင်စမန်း၏ လက်ထောက်တစ်ဦးသည် ရုရှစပိုင်ဖြစ်သည်ဟု သံသယရှိ၍ ဖမ်းဆီးထားကြောင်း ယူကရိန်း ထောက်လှမ်းရေးအဖွဲ့ SBU က ပြောသည်။

ထိပ်တန်းအစိုးရ စကားပြန်တစ်ဦးအဖြစ် တာဝန်ရှိသူများ အသိအမှတ်ပြုထားသော ၀န်ကြီးချုပ်၏ လက်ထောက်ဖြစ်သူသည် အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုများကို အထူးကိရိယာများနှင့်အတူ သတင်းအချက်အလက်များ ရယူစုဆောင်းပြီး ၎င်းအား စီမံခန့်ခွဲနေသူများထံ ပေးပို့နေကြောင်း SBU ကဆိုသည်။

၎င်းကို မြင့်မားသည့် ပြစ်မှုဖြစ်သော နို်င်ငံတော်သစ္စာဖောက်မှုဖြင့် တရားရုံးစွဲချက်တင်ထားကြောင်း သိရသည်။

“အစိုးရ အတွင်းဝန်များရုံးတွင် အလုပ်လုပ်ကိုင်နေသူသည် ရန်သူနိုင်ငံ၏ အကျိုးစီးပွားကို ရေရှည်စွမ်းဆောင်ပေးနေသူဖြစ်နေကြောင်း။” ၀န်ကြီးချုပ် ဂရိုင်စမန်းက ဖေ့ဘုတ်တွင် ရေးသားသည်။

SBU က ၎င်းအမည်နှင့် တာဝန်ယူလှုပ်ရှားမှုများကို ထုတ်ပြန်ခြင်းမရှိသော်လည်း အခြားသော တာဝန်ရှိသူများက ၎င်းသည် စတိန်းနစ်လက်ဗ်ယီဇော့ဗ်ဆိုသူဖြစ်သည်ဟု ဖော်ပြကြသည်။

ယူကရိန်း ပြည်ထဲရေးဝန်ကြီး၏ လက်ထောက်ဖြစ်သူ အန်တွန်ဂါရာရှာချန်ကိုကလည်း ယီဇော့ဗ်သည် ၀ါရှင်တန်ရှိ ယူကရိန်းသံရုံးတွင် အလုပ်လုပ်နေစဉ် စပိုင်အဖြစ် သိမ်းသွင်းခံရသူဖြစ်ပြီး ရုရှအတွက် နှစ်နှစ်တာ သူလျှိုတာဝန် ထမ်းဆောင်လျက်ရှိသူဖြစ်ကြောင်း ပြောခဲ့သည်။

ယီဇော့ဗ်၏ ဇနီးဖြစ်သူမှာ ရုရှနိုင်ငံသူဖြစ်ပြီး ရုရှအတွက် အလုပ်လုပ်ပေးရန် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် သိမ်းသွင်းခံရခြင်း ဖြစ်ဖွယ်ရှိကာ ယခု စစ်ဆေးမှုတွင် ပူးပေါင်းရန် ၎င်းကို တိုက်တွန်းထားကြောင်း ဂါရာရှာချန်ကိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly