ဂျပန်ရုံးဝန်ထမ်းများရဲ့ ဆန်တာကလော့စ်လို ဝတ်ဆင်ကာ စီတန်းလှည့်လည်ပွဲ ကျင်းပ

ဂျပန်ရုံးဝန်ထမ်းများရဲ့ ဆန်တာကလော့စ်လို ဝတ်ဆင်ကာ စီတန်းလှည့်လည်ပွဲ ကျင်းပ

တိုကျို၊ ဒီဇင်ဘာ ၂၂ ။            ။ ယခုနှစ်ရဲ့ ခရစ္စမတ်အခါသမယမှာ ဂျပန်နိုင်ငံက တိုကျိုမြို့တော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ လူအုပ်စုလိုက် ဆန်တာကလော့စ်လို ဝတ်ဆင်ပြီး စီတန်းလှည့်လည်တာကို ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပပြုလုပ်ကြပါတယ်။

အေးမြတဲ့ ဆောင်းငွေ့နဲ့ လမ်းပေါ်မှာ ဂျပန်ရုံးဝန်ထမ်းပေါင်း ၂၀၀ နီးပါးက ဆန်တာကလော့စ်လို ဝတ်ဆင်ကာ စီတန်းလှည့်လည်ပွဲကို နှစ်စဉ် အစဉ်အလာမပျက် ပြုလုပ်ကျင်းပကြတာဖြစ်ပါတယ်။

အနီရောင် ဝတ်စုံနဲ့ မုတ်ဆိတ်ဖြူတွေနဲ့ ချစ်ခင်မင်စရာ ဆန်တာကလော့စ်ရဲ့ ပုံစံအတွင်း ဝတ်ဆင်ထားကြတဲ့ လူအုပ်စုတန်းဟာ မြို့တော်ရဲ့ မာရူနိုချီ စီးပွားရေးရပ်ကွက်အနှံ့ လှည့်လည်ကြတာဖြစ်ပါတယ်။

ဒီလို လှည့်လည်ကြရုံတင် သက်သက်မဟုတ်ဘဲ လမ်းသွားလမ်းလာ တွေ့ရှိသမျှကို လက်ဆောင်တွေလည်း ဝေငှပေးကြတာပါ။

ကုမ္ပဏီ၊ ရုံးလုပ်ငန်း ၂၀၀ နီးပါးက ဝန်ထမ်းအလုပ်သမားတွေ ဖြစ်ကြတဲ့ ဆန်တာကလော့စ်တွေ အုပ်စုလိုက် စီတန်းလှည့်လည်ရာမှာ တေးသီချင်းတွေ သီဆိုရင်းလည်း ဖျော်ဖြေကခုန်ကြပါတယ်။

ဂျပန်နိုင်ငံမှာ ခုပွဲတော်ကို ယခုနှစ်ဟာ ဆယ်နှစ်မြောက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly