အယ်လ်ကလက်စီကိုဒါဘီပွဲအတွက် ဘာနေဗျူးကွင်းမြက်ခင်းပြင်ကို အကောင်းဆုံးပြင်ဆင်ထား

အယ်လ်ကလက်စီကိုဒါဘီပွဲအတွက် ဘာနေဗျူးကွင်းမြက်ခင်းပြင်ကို အကောင်းဆုံးပြင်ဆင်ထား

 

ဒီဇင်ဘာ ၂၂၊ စပိန် ။             ။ အင်္ဂလိပ်လူမျိုး ပေါလ်ဘာဂက်စ်ဆိုသူဟာ ကွင်းမြက်ခင်းပြင်ထိန်းသိမ်းရာမှာ အလွန်ကျွမ်းကျင်သူဖြစ်ပြီး ဘာနေဗျူးကွင်းမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

အယ်လ်ကလက်စီကိုဒါဘီပွဲအတွက် ဘာနေဗျူးကွင်းမြက်ခင်းပြင်ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ထားတယ်လို့ ကွင်းထိန်းသိမ်းရေးအရာရှိ ပေါလ်ဘာဂက်စ်က ပြောပါတယ်။

“နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်ဖို့ အမြဲ အိပ်မက်ခဲ့တာပါ။ ရီးယဲလ်မှာ အလုပ်လုပ်ဖို့က နံပါတ်တစ်ပါပဲ။ ကျွန်တော့်အနေနဲ့ ကြိုက်တဲ့နေရာကို သွားလို့ ရပေမယ့် ရီးယဲလ်ဆိုတာက ကွင်းထိန်းသိမ်းစောင့်ရှောက်သူတွေ၊ ဘောလုံးသမားတွေ၊ ၀န်ထမ်းတွေအားလုံးသွားချင်တဲ့နေရာပါပဲ။ အဲ့ဒီမှာ အလုပ်လုပ်ရတာကလည်း အကောင်းဆုံးအခွင့်အရေးပါပဲ”

“အယ်လ်ကလက်စီကိုပွဲအတွက် ကွင်းမြက်ခင်းပြင်က ချန်ပီယံလိဂ်ပွဲတွေတုန်းကထက်ပိုကောင်းနေမှာပါ။ ချန်ပီယံလိဂ်ပွဲတွေမှာက ပွဲမတိုင်ခင်မှာ ပြိုင်ဘက်အသင်းကို   လေ့ကျင့်ခန်းဆင်းခွင့်ပြုရတော့ မြက်ခင်းပြင်က သိပ်မကောင်းတော့ပါဘူး။”

“ရာသီဥတုကလည်း ကောင်းနေလို့ ကွင်းရဲ့အခြေအနေကတော့ ရီးယဲလ်ရော ဘာစီလိုနာအတွက်ပါ အကောင်းဆုံးအနေအထားပါပဲ။ ပိုကောင်းတဲ့အသင်းက ဒီပွဲမှာ အနိုင်ရသွားပါလိမ့်မယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly