ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံမှုအတွက် အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ကိုပါ အသုံးပြုရန် ရုရှသမ္မတပူတင် အမိန့်ပေး

ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံမှုအတွက် အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ကိုပါ အသုံးပြုရန် ရုရှသမ္မတပူတင် အမိန့်ပေး

 

ဒီဇင်ဘာ ၂၂၊ ရုရှ ။                 ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲလုံခြုံရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုရှအာဏာပိုင်များမှာ အကောင်းဆုံးပြင်ဆင်လျက်ရှိပြီး ယခု အထူးလျှို့ဝှက်ရဲတပ်ဖွဲ့ကိုပါ အသုံးပြုရန် သမ္မတပူတင်၏ ကရင်မလင်နန်းတော်မှ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

ရုရှအထူးလျှို့ဝှက်ရဲအဖွဲ့အစည်းကို ယခင်က KGB ဟု လူသိများခဲ့ပြီး ယခု FSB ဟု ခေါ်ဆိုကြသည်။ အဆိုပါအဖွဲ့ဝင်များမှာ တိကျသေချာစွာလုပ်ကိုင်ဆောင်ရွက်တတ်သူများဖြစ်ပြီး သည်းခံခွင့်လွှတ်မှု လုံးဝမရှိသူများ ဖြစ်သည်။ ထို့ကြောင့် ဘောလုံးလူဆိုးများအနေဖြင့် ရုရှတွင် ရမ်းကားပါက ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခံရဖွယ်ရှိနေသည်။

ရုရှအာဏာပိုင်များမှာ အကြမ်းဖက်သမားများအတွက် မြေပြင်နှင့်ဝေဟင် အထူးလုံခြုံရေးများ ချမှတ်ထားပြီး ဖြစ်သော်လည်း ဘောလုံးလူဆိုးများ၏ အန္တရာယ်ကို စိုးရိမ်လျက်ရှိနေကြသည်။

FSB အဖွဲ့ဝင်များအနေဖြင့် ယခုအချိန်မှ စတင်ပြီး ဘောလုံးလူဆိုးများကို စုံစမ်းထောက်လှမ်းလျက်ရှိနေပြီဖြစ်ကြောင်း ရုရှပရိသတ်ခေါင်းဆောင် အလက်ဇန်းဒါးရှာပါဂျင်က ယုံကြည်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly