တအာင်းရုံးသုံးစာ အတည်​ပြု​ကြောင်​း ပြည်သူအသိပေးပွဲ ပြုလုပ်

တအာင်းရုံးသုံးစာ အတည်​ပြု​ကြောင်​း ပြည်သူအသိပေးပွဲ ပြုလုပ်

လားရှိုး ဒီဇင်ဘာ ၂၁ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ စကိုင်းပဲလေ့ဟိုတယ်တွင် တအာင်းလူမျိုးတို့ အတည်ပြုသတ်မှတ်ထားသည့် တအာင်းရုံးသုံးစာကိုယနေ့ ဒီဇင်ဘာ ၂၁ရက်နေ့ နေ့လည် ၁နာရီက ပြည်သူများအား အသိပေးခဲ့သည်။

ရုံးသုံးစာဖြစ်​​မြောက်​​ရေးတွင်​ ပါဝင်​လုပ်​​ဆောင်​သူ အရှင်သုဝဏက "ဦးဇင်​းတို့ ဒီစာဖြစ်​​မြောက်​​ရေး​ကော်​မရှင်​ဖြစ်​ဖို့ ၂၀၁၂ကတည်​းက စတင်​ကြိုးပမ်​းလာတာ။ စာ​ပေညာရှင်​​တွေ၊ စာပြုပုဂ္ဂိုလ်​​တွေ၊ ရဟန်​းသံဃာ​တော်​​တွေ တအာင်​း​ကျောင်​းသူ​ကျောင်​းသားများအဖွဲ့တွေနဲ့ ၂၀၁၄​လောက်​မှ အတည်​ဖြစ်​လာတယ်​"ဟု ​မိန့်သည်​။

လက်ရှိတအာင်းတွင် အနွယ်၁၃မျိုးရှိပြီး ဘာသာစကားပေါင်း ၃မျိုးအထိထွက်ရှိနေပြီးမည်သည့်စာက ရုံးသုံးစာ၊ မည်သည့်စာက ဘုံစာမကွဲမပြားဘဲ စာရေးသားရာတွင် အခက်တွေ့နေသည်။

“ခုဒီစာက တအာင်းအားလုံးနားလည်တဲ့စာဖြစ်မှာမို့ အဆင်ပြေပါလိမ့်မယ်။ ဒီစာအတည်ပြုတဲ့နေရာမှာ ကော်မရှင်အနွယ်မျိုးစုံလည်းပါတယ်။  စာပေပညာရှင်တွေ၊တအာင်းရဟန်းသံဃာတော်များ ပါဝင်ကြတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်ကတော့ ကျောင်းသုံးစာအုပ်တွေထုတ်မယ်။ ဆရာဖြစ်သင်တန်းကျောင်းတွေဖွင့်မယ်။ နိုင်ငံတော်က ဘတ်ဂျတ်တွေချ ပေးပြီး ဆရာ၊ဆရာမတွေခန့်ပြီး သင်ကြားပေးသွားမယ်ဆိုရင် နောက်ဆယ်နှစ်လောက်ဆိုရင် လုပ်ငန်းအောင်မြင်သလောက်ရှိလိမ့်မယ်”ဆရာတော်ကမိန့်ကြားသည်။

လက်ရှိအတည်ပြုထားသည့် ရုံးသုံးစာကို မိုးကုတ်တွင် လာမည့် ဒီဇင်ဘာ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိ ၄နှစ်တစ်ကြိမ်ကျင်းပပြုလုပ်မည့် တအာင်းစာပေနှင့်ယဉ်ကျေးမှုညီလာခံတွင် ထပ်မံအတည်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly