ကာဘူးလ်မြို့ရှိ ထောက်လှမ်းရေးသင်တန်းကျောင်းကို IS စစ်သွေးကြွများဝင်တိုက်

ကာဘူးလ်မြို့ရှိ ထောက်လှမ်းရေးသင်တန်းကျောင်းကို IS စစ်သွေးကြွများဝင်တိုက်

 

ကာဘူးလ်၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၁၈ ။              ။ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ရှိ ထောက်လှမ်းရေးသင်တန်းကျောင်းတစ်ခုကို IS စစ်သွေးကြွများက တနင်္လာနေ့၌ ၀င်ရောက်စီးနင်းခဲ့ပြီး အာဖဂန်ရဲတပ်ဖွဲ့နှင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

“ဒီနေ့မနက် ၁၀း၁၀ နာရီလောက်မှာ လက်နက်ကိုင်လူတစ်စုဟာ ကာဘူးလ်မြို့ရဲ့ အက်ဖ်ရှာနယ်မြေထဲက NDS ထောက်လှမ်းရေးသင်တန်းကျောင်း အဆောက်အဦးထဲကို ၀င်ရောက်စီးနင်းခဲ့ပါတယ်” ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောခဲ့သည်။

“တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ကျနော်တို့ဘက်ကလည်း တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပါပြီ” ဟု သူက ဆက်ပြောခဲ့သည်။

တိုက်ပွဲအတွင်းမှ လက်နက်ကြီးနှင့် လက်နက်ငယ်များပစ်ခတ်သံကို အဝေးမှပင်ကြားနေရကြောင်း နောက်ထပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

“စစ်သွေးကြွတွေဘက်က တိုက်ခိုက်သူ ၃ဦးရှိပါတယ်။ရှင်းလင်းမှုစစ်ဆင်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါ တယ်” ဟု ပြောရေးဆိုခွင့်ရှိသူကပြောခဲ့သော်လည်း အသေအပျောက်၊ အဆုံးအရှုံးနှင့်ပက်သက်၍ သတင်း တင်ပြနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါသင်တန်းကျောင်းသို့ သွားရာလမ်းမကြီးကိုပိတ်ထားပြီး ပြည်သူများမလာရောက်နိုင်အောင် ရဲအရာရှိ များနှင့် ထောက်လှမ်းရေးအရာရှိများက ပိတ်ဆို့ထားလျက်ရှိသည်။

အဆိုပါတိုက်ခိုက်မှုကို ၄င်းတို့ဘက်မှကျူးလွန်ခြင်းဖြစ်သည်ဟု အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က ၄င်းတို့၏ ၀ါဒဖြန့်သတင်းမီဒီယာ အာမက်မှတဆင့် ကြေညာခဲ့သည်။

“IS တိုက်ခိုက်ရေးသမား ၂ ဦးဟာ ကာဘူးလ်မြို့က အာဖဂန်ထောက်လှမ်းရေးသင်တန်းကျောင်းကို ၀င်ရောက် စီးနင်းခဲ့ပါတယ်” ဟု ဂျီဟတ်ဝါဒီများ၏ သတင်းမီဒီယာဖြစ်သော အာမက်က သတင်းတင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly