ချီလီ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အိုးအိမ်များပျက်စီးပြီး လူ ၈ ဦးခန့်သေဆုံး

ချီလီ၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အိုးအိမ်များပျက်စီးပြီး လူ ၈ ဦးခန့်သေဆုံး

 

ဒီဇင်ဘာ ၁၈ ။         ။ ချီလီနိုင်ငံတောင်ပိုင်း၌ ပြီးခဲ့သောစနေနေ့အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိုးအိမ်ဒါဇင်ပေါင်း များစွာပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ သေဆုံးသူ ၈ ဦးခန့်ရှိပြီဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ သည်။

ကမ္ဘာလှည့်ခရီးသွားဧည့်သည် အများအပြားလာရောက်သည့် ချီလီနိုင်ငံ၏ရေအိုင်ပေါများရာဒေသမှ ဗီလာဆန်တာလူစီယာကျေးရွာ၌ ယင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကြီး ဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၅ ဦးခန့်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိသမ္မတ မစ်ရှဲလ်ဘာချီလက်က ထိုဒေသတစ်ဝိုက်တွင် နိုင်ငံတော်အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်။

“ဗီလာဆန်တာလူစီယာကျေးရွာက ပြည်သူတွေအားလုံးကို အကာကွယ်ပေးဖို့အတွက် လိုအပ်တဲ့အရာမှန်သမျှ လုပ်ဆောင်ပေးဖို့ ကယ်ဆယ်ရေးလုပ်သားတွေကို ကျွန်မစေလွှတ်ထားပါတယ်” ဟု မစ္စဘာချီလက်က ပြောခဲ့ သည်။

ယင်းဒေသအတွင်း၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးများသည်းကြီးမဲကြီးရွာသွန်းခဲ့သောကြောင့် အနီးအနားရှိ တောင်တန်းများမှ မြေများပြိုကျခဲ့ပြီး ထိုကျေးရွာအနီးတွင်ရှိသော တောင်ကြားလမ်းကြီးမှာ ရွှံ့မြေများနှင့် ဖုံးလွှမ်းသွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများက သတင်းတင်ပြခဲ့သည်။

ကယ်ဆယ်ရေးလုပ်သားများသည် လူဒါဇင်ပေါင်းများစွာကို အနီးအနားရှိ ဘေးလွတ်ရာ ချိုက်တန်မြို့သို့ လေကြောင်းမှတဆင့် ပို့ဆောင်ပေးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ လျက်ရှိသည်။

မြေပြိုကျမှုဖြစ်ပွားခဲ့သော ဗီလာဆန်တာလူစီယာကျေးရွာသည် ကော်ကိုဗာဒိုအမျိုးသားဥယျာဉ်အနီး၌ တည်ရှိ ပြီး ၄င်း၏ မီးတောင်ကြီးများ၊ သစ်တောကြီးများနှင့် ချောက်ကမ်းပါးအနီးရှိ ပင်လယ်ရေဝင်လမ်းများကြောင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်ထားနိုင်သည့် နေရာတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly