ဦးကိုကိုကြီးဦးဆောင်သော ပါတီ၏အမည်နှင့် အလံ တံဆိပ်၊ မူဝါဒများ အတည်ပြုထုတ်ပြန်တော့မည်

ဦးကိုကိုကြီးဦးဆောင်သော ပါတီ၏အမည်နှင့် အလံ တံဆိပ်၊ မူဝါဒများ အတည်ပြုထုတ်ပြန်တော့မည်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၆ ။        ။ ၈၈ မျိုးဆက်ကျောင်းသားများဦးဆောင်နေသည့် နိုင်ငံရေးပါတီ၏ ပါတီအမည်၊ အလံ၊ အမှတ်တံဆိပ် နှင့် မူဝါဒလုပ်ငန်းစဉ်များကို မနက်ဖြန် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သွားမည် ဟု ဦးကိုကိုကြီးက ပြောသည်။

ယနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ပြု လုပ်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဦးကိုကိုကြီးက မဇ္ဈိသို့ ပြောခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ မနက်ဖြန်ပြီးသွားရင်တော့ သတင်း စာရှင်းလင်းပွဲလုပ်တဲ့အခါ ပါတီအမည်တွေ အလံ၊ အမှတ်တံဆိပ်နှင့် မူဝါဒလုပ်ငန်းစဉ်တွေ ကြေညာ သွားမှာပါ" ဟု ၈၈ မျိုးဆက် ဦးကိုကိုကြီးက ပြော သည်။

ပါတီမှတ်ပုံတင်ကျပြီးပါကလည်း ပါတီစည်းရုံးရေး လုပ်ငန်းစဉ်များကို တရားဝင်ဆောင်ရွက်သွားအပြင် မူဝါဒတူညီသည့်ပါတီများနှင့်လည်း မဟာမိတ်ဖွဲ့၍ ဆောင်ရွက်သွားမည်ဟု ၄င်းက ဆက်လက် ပြော သည်။

" ပထမအဆင့်အနေနဲ့က ပါတီမှတ်ပုံတင်ခြင်း အဆင့်ပေါ့၊ ပါတီမှတ်ပုံတင်ဖို့အတွက်က ကော်မရှင် က အရင်ဆုံး ပါတီတည်ထောင်လိုသူ ၁၅ ဦး စာရင်းတင်ရမယ်၊ ဆိုတော့ တင်ပြီးတော့မှ နောက် ပိုင်းမှာ ပါတီ CEC စာရင်း၊ ပါတီနာမည်၊ အမှတ် တံဆိပ်၊ အလံ၊ လိုဂိုတွေ တင်ပြရပါ့မယ်၊ အဲဒီ တော့ မှတ်ပုံတင်ကျပြီဆိုတဲ့အချိန်ကစပြီး ပါတီ စည်းရုံးရေးကို တရားဝင်ဆောင်ရွက်သွားမယ်၊ ကျွန်တော်တို့ပါတီဟာ မဟာမိတ်မူဝါဒကို လက်ခံ ထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်နဲ့မူဝါဒ၊ ယုံ ကြည်ချက်တူတဲ့ ဒီမိုကရေစီပါတီတွေ၊ တိုင်းရင်း သားပါတီတွေ သူတို့နဲ့မဟာမိတ်စုဖွဲ့မှုတွေ ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက်သွားမယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

ယင်းအစည်းအဝေးတွင် ပါတီဖွဲ့စည်းပုံ၊ မူဝါဒကြမ်း နှင့် ပါတီလုပ်ငန်းစဉ်စာအုပ်များ ဝေငှခဲ့ကြပြီး၊ ဗဟို ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ပါတီ၏လုပ်ငန်း စဉ်များကို ရှင်းလင်းခဲ့ကြသည်။ 

မကြာမီ ထူထောင် မည့် နိုင်ငံရေးပါတီကို ဒီမိုကရေစီနည်းကျစွာ စုံညီ အစည်းအဝေးခေါ်ယူဆုံးဖြတ်၍ ပါတီမှတ်ပုံတင် ကိစ္စဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ် မြောက်ရေး ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ၈၈ မျိုးဆက် ဦးမင်းဇေယျာက မဇ္ဈိမသို့ ပြောသည်။

" ဒီနေ့လုပ်တဲ့အစည်းအဝေးက ပါတီဖွဲ့စည်းပုံမူကြမ်း ဆိုတာက ကျွန်တော်တို့လူတစ်စုတည်းက ကိုယ့် ဖာသာဆုံးဖြတ်ထားတဲ့မူကြမ်းမဟုတ်ဘူး၊ နဂို ကတည်းက တောက်လျှောက်စုစည်းခဲ့တဲ့ ပါတီ တစ်ရပ်နဲ့ပတ်သက်တဲ့ မူဝါဒလုပ်ငန်းစဉ်တွေ၊ ရည်ရွယ်ချက်တွေ၊ သဘောထားတွေကို အချော ပြန်သတ်တဲ့သဘော၊ ပြီးတော့မှ ဒီမိုကရေစီနည်း ကျကျ စုံညီအစည်းအဝေးခေါ်ပြီးတော့ ကျွန်တော် တို့က ချပြမယ်၊ ဆွေးနွေးကြ၊ ဆုံးဖြတ်ကြပြီးမှ အတည်ပြုကြမှာ၊ ကော်မရှင်မှာမှတ်ပုံတင်ဖို့ လုပ်တဲ့ ပွဲပဲ"  ဟု ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင် ၈၈ မျိုး ဆက် ဦးမင်းဇေယျာက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်ကို ပါတီမှတ်ပုံတင် သည့် အခါ ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်သည့် အတွက် ၂၀၁၈ ခုနှစ်၊ ၃ လပိုင်း၊ ၄ လပိုင်းများတွင် ပါတီမှတ်ပုံတင်ကျလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

ပါတီမှတ်ပုံတင်ခြင်းကို မနက်ဖြန် တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်ကျပြီးပါက ယခု ဒီဇင်ဘာ လကုန်တွင် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ ယင်းအစည်းအဝေးကို နိုင်ငံ ရေးပါတီဖြစ်မြောက်ရေးဗဟိုဦးဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် ပြည်နယ် နှင့်တိုင်းအလိုက် ပါတီ ဖြစ်မြောက်ရေးကော်မတီများ တက်ရောက်ခဲ့ကြ သည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီတွင် ဗဟို ဦးဆောင်ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန်ယူဆောင်ရွက်ပြီး၊ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဦးမင်းဇေယျာ၊ ဦးသက်ထွန်း၊ ဦးရဲနိုင်အောင်တို့ပါဝင်ပြီး၊ ၈၈ မျိုးဆက် ကျောင်း သားများ အဓိက ပါဝင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly