အေစီမီလန်အသင်းမှ ထွက်ခွာမည်ဆိုသည့်သတင်းများကို ဒွန်နာရမ်မာငြင်းပယ်

အေစီမီလန်အသင်းမှ ထွက်ခွာမည်ဆိုသည့်သတင်းများကို ဒွန်နာရမ်မာငြင်းပယ်

 

ဒီဇင်ဘာ ၁၅၊ အီတလီ ။                    ။ ပရိသတ်များ၏ ဝေဖန်လှောင်ပြောင်မှုများကြောင့် လာမည့်ဇန်နဝါရီတွင် အေစီမီလန်အသင်းမှ ထွက်ခွာတော့မည်ဆိုသော သတင်းများကို ဂိုးသမားဒွန်နာရမ်မာက ငြင်းပယ်လိုက်သည်။

ဒွန်နာရမ်မာသည် မီလန်အသင်းက ဗီရိုနာအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ကိုပါအီတာလီယာပွဲစဉ်တွင် အသင်းပရိသတ်များ၏ မနှစ်မြို့ဖွယ်လှောင်ပြောင်မှုများကို ခံခဲ့ရခြင်းဖြစ်သည်။  မီလန်ပရိသတ်များက ဒွန်နာရမ်မာကို ငွေမက်သူ၊ ကပ်မြှောင်စသည့် စကားလုံးများဖြင့် ရာသီမစတင်ခင်ကတည်းက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“အလွန်ဆိုးရွားတဲ့ ညနေခင်းပါပဲ။ အဲ့ဒီလိုဖြစ်လာမယ်လို့ လုံးဝမထင်ထားပါဘူး။ ကျွန်တော်စာချုပ်သစ်ချုပ်ဆိုပြီးကတည်းက ဒီလို မနှစ်မြို့ဖွယ် လှောင်ပြောင် တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ ဘယ်တုန်းကမှ ကျွန်တော် ပြန်လည်ပြောဆိုခြင်းမရှိခဲ့သလို ပြန်လည်ဝေဖန်ရေးသားတာမျိုးလည်း မလုပ်ခဲ့ပါဘူး။

ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မီလန်ရဲ့လာမယ့်နောက်ပွဲစဉ်အတွက်ကိုပဲ အာရုံစိုက်ထားပါတယ်” ဟု ဒွန်နာရမ်မာက ပြောဆိုခဲ့သည်။

အသက် ၁၈ နှစ်အရွယ်ရှိ ဒွန်နာရမ်မာသည် ဂျူဗင်တပ်စ်ဂိုးသမားကြီး ဘတ်ဖွန်ပြီးနောက် အီတလီလက်ရွေးစင်အသင်းအတွက် အားထားရသည့် လူငယ်ဂိုးသမားတစ်ဦးဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly