ရခိုင်နယ်စပ်တွင် အခြေချမည့် တိုင်းရင်းသားများအတွက် CRR မှ အိမ်ငယ်များ ဆောက်ပေးနေ

ရခိုင်နယ်စပ်တွင် အခြေချမည့် တိုင်းရင်းသားများအတွက် CRR မှ အိမ်ငယ်များ ဆောက်ပေးနေ
ဓာတ်ပုံ - CJ

 

 

ဒီဇင်ဘာလ ၁၄ ရက်။                ။  မောင်တောနယ်စပ်ဒေသများတွင် လာရောက်အခြေချမည့် တိုင်းရင်းသားများအတွက် အိမ်ငယ်များကို ဆောက်လုပ်ပေးနေသည်ဟု ရခိုင်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေပြန်လည် တည်ဆောက်ရေး အထောက်အကူပြုကော်မတီ CRR က ဆိုသည်။

အဆိုပါ နေအိမ်များကို မယူကမ်းအပိုင် ကိုးတန်ကောက်ကျေးရွာတွင် ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး အိမ်တစ်လုံး၏ ကုန်ကျမှု တန်ဖိုးမှာ ၆ သိန်းကျပ် ဖြစ်သည်ဟု CRR အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးချမ်းက ပြောသည်။

“ ဒီဒေသမှာ စပါးရိတ်သိမ်းဖို့ အလုပ်သမား မလုံလောက်တဲ့အတွက် စပါးရိတ်ပြီးရင် အိမ်ကိုပြန်သွားမယ့် သူတွေလလည်း ပါတယ်။ မိသားစုလိုက် မဟုတ်ဘဲ တစ်ယောက်တည်း လာတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့က အမှန်တကယ် အခြေချ နေထိုင်ဖို့ မိသားစုအလိုက် ရွေ့ပြောင်းလာသူတွေကိုပဲ ဦးစားပေးပြီး ဒီအိမ်တွေကို ပေးသွားမှာပါ။”

ယခုအချိန်တွင် အိမ်ငယ် ၁၀ လုံးထိ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကာ ယင်းသို့ ဆောက်လုပ်နိုင်ရန်အတွက် ရခိုင်ဒေသ၏ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်ဟု ဒေါက်တာ အေးချမ်းက ဆိုသည်။

“ စေတနာပြတ်ပြတ်နဲ့ အိမ်ဆောက်ဖို့ လှူဒါန်းလာတဲ့ အလှူငွေနဲ့ ဆောက်လုပ်ပေးနေတာပါ။ ကျွန်တော်တို့က ပြည်နယ် အစိုးရဆီကို အဖွဲ့အစည်း ဖွဲ့ကတည်းက တင်ပြထားတာတွေရှိပါတယ်။ အခုချိန်ထိ သူတို့ဖက်ကအကြောင်း ပြန်ထားတာတွေ မရှိသေးပါဘူး။ ” ဟု ဒေါက်တာ အေးချမ်းက ပြောသည်။

မောင်တောဒေသသည် ပြည်နယ်အတွင်းရှိ ရွေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ဖန်တီးနိုင်မည့် အခြေအနေတွင် ရှိနေသလို အိုးပိုင်၊ အိမ်ပိုင် မရှိသေးသူများအတွက်လည်း ထို အခက်အခဲများကို ကျော်လွှားနိုင်သော အခြေအနေကောင်းများတွင် ရှိနေသောကြောင့် ယခုလို ရွေ့ပြောင်းဝင်ရောက်မှုများ ရှိလာခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly