၀န်ကြီးချုပ် ထရီဇာမေကို လုပ်ကြံမည့် အစီအစဉ် ဗြိတိန်ရဲများ ဟန့်တားနိုင်ခဲ့

၀န်ကြီးချုပ် ထရီဇာမေကို လုပ်ကြံမည့် အစီအစဉ် ဗြိတိန်ရဲများ ဟန့်တားနိုင်ခဲ့

ဒီဇင်ဘာ ၆ ။            ။ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကို လုပ်ကြံသတ်ဖြတ်မယ့် အစီအစဉ်တစ်ခုကို လန်ဒန် ရဲတပ်ဖွဲ့က ကြိုတင်သိရှိဟန့်တားနိုင်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံမှာ ၀န်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီး တရားစွဲဆိုထားကြောင်း လန်ဒန် သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အဆိုပါအမျိုးသားတွေရဲ့ မူလအစီအစဉ်ကတော့ ၀န်ကြီးချုပ် ရုံးထိုင်တဲ့ ဒေါင်းနင်းလမ်း အပြင်ဘက် လုံခြံုရေးဂိတ်တွေကို ဗုံးခွဲတိုက်ခိုက်ပြီး ယင်းနောက် ၀န်ကြီးချုပ် မေကို ၀င်ရောက်တိုက်ခိုက်သတ်ဖြတ်ဖို့ ကြိုတင်စီစဉ်ထားခဲ့တာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

 ယခုလို ထရီဇာမေကို လုပ်ကြံဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်လို့ ၀န်ကြီးချုပ် ရုံး ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ပြောဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

သို့ပေမယ့်လည်း ယခု လုပ်ကြံမှုကို ကြိုးပမ်းလုပ်ဆောင်ဖို့ ကြံစည်ခဲ့ကြတဲ့ လူငယ်အမျိုးသားနှစ်ဦးကို ပြီးခဲ့တဲ့ အပတ်က လန်ဒန်နဲ့ ဘာမင်ဂမ်မြို့တို့မှာ ဖမ်းမိထားခဲ့တယ်ဆိုပြီး ပြည်တွင်း သတင်းစာအများအပြားမှာ ဖော်ပြနေလျက်ရှိပါတယ်။

အသက် ၂၀ နဲ့ ၂၁ နှစ်အရွယ် ၎င်းအမျိုးသားနှစ်ဦးကိုတော့ အကြမ်းဖက်တိုက်ခိုက်မှု စွဲချက်တွေနဲ့ စွဲဆိုထားပြီး ဒီဇင်ဘာ ၆ ရက်မှာပဲ ၀က်စ်မင်စတာ  တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly