မြဝတီ ။ ဒီဇင်ဘာ ၅ ။ ။ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်၊ ရွာသစ်ကျေးရွာတွင် လေယာဉ်ပစ်ကျည် တစ်ထောင်ကျော် သိမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ရွာသစ်ကျေးရွာ ကွက်သစ်၊ "စံပယ်မိုး"သောက်ရေသန့်စက်ရုံရှေ့လမ်းရှိ စံလင်း(ခ) ကိုဂျွန် ငှားရမ်းနေထိုင်သော အိမ်သို့ ဝင်ရောက်ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အိမ်အောက်ထပ်ရှိ ပလပ်စတစ်ပုံးနှင့် လက်ဆွဲခြင်းအတွင်းမှ အရှည် ၆ လက်မခန့်ရှိ ၁၂.၇ မီလီမီတာ အမျိုးအစား လေယာဉ်ပစ်ကျည် ၁၀၂၀ တောင့် တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
ငှားရမ်းနေသူ စံလင်း(ခ) ကိုဂျွန်ကို စုံစမ်းရာ ၎င်းမှာ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သည်။ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့တို့က စံလင်း(ခ) ကိုဂျွန်၏ မြစ်ကြီးနားနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စံလင်း နှင့် ဇနီး မခါးဘူကို ည ၉နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုထားသည်။