ဂိုးသမား၏နောက်ကျဂိုးဖြင့် ပထမဆုံးရမှတ် ၁ မှတ်ရခဲ့တဲ့ ဘီနီဗန်တိုအသင်း

ဂိုးသမား၏နောက်ကျဂိုးဖြင့် ပထမဆုံးရမှတ် ၁ မှတ်ရခဲ့တဲ့ ဘီနီဗန်တိုအသင်း

 

အီတလီ၊ ဒီဇင်ဘာ ၄ ။              ။ စီးရီးအေမှာ ပွဲစဉ်တိုင်း ရှုံးနိမ့်ထားတဲ့ ဘီနီဗန်တိုအသင်းဟာ ထိပ်သီးအေစီမီလန်အသင်းနဲ့ပွဲမှာတော့ ဂိုးသမားဘရစ်နိုလီရဲ့ နောက်ကျချေပဂိုးကြောင့် ယခုရာသီမှာ ပထမဆုံးရမှတ်တစ်မှတ်ကို ရရှိသွားပြီ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အေစီမီလန်အသင်းက ၂ ဂိုး၊ ၁ ဂိုးနဲ့အနိုင်ရရှိနေပြီး ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၄ မိနစ်အရောက်မှာ ဂိုးသမားဘရစ်နိုလီက ပြစ်ဒဏ်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းပြီး ချေပဂိုး သွင်းယူသွားတာ ဖြစ်ပါတယ်။

တန်းတက် ဘီနီဗန်တိုအသင်းဟာ စီးရီးအေမှာ ၁၄ ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ရာသီစတင်မှုအဆိုးရွားဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဂိုးသမားဘရစ်နိုလီကတော့ သူ့အသင်းအတွက် သူရဲ့ကောင်းဖြစ်သွားခဲ့သလို ဘီနီဗန်တိုပရိသတ်တွေလည်း အလွန်ပျော်ရွှင်ခဲ့ကြပါတယ်။

ဒီပွဲဟာ အေစီမီလန်နည်းပြသစ် ဂတ်တူဆိုအတွက် ပထမဆုံးပွဲဦးထွက်ဖြစ်ပါတယ်။ ပွဲတိုင်းရှုံးထားတဲ့အသင်းကိုမှ သရေကျခဲ့လို့ ဂတ်တူဆိုအတွက်တော့  ခံရခက်တဲ့ မလှမပ ပွဲဦးထွက်ဖြစ်ခဲ့ရပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly