တောင်ကိုရီးယား၌ ဆီတင်သင်္ဘောနှင့် ငါးဖမ်းလှေတို့တိုက်မိ၍ လူ ၁၃ဦးခန့်သေဆုံး

တောင်ကိုရီးယား၌ ဆီတင်သင်္ဘောနှင့် ငါးဖမ်းလှေတို့တိုက်မိ၍ လူ ၁၃ဦးခန့်သေဆုံး

ဆိုးလ်၊ တောင်ကိုရီးယား၊ ဒီဇင်ဘာ ၃ ။            ။ တောင်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၌ တနင်္ဂနွေနေ့အစောပိုင်းတွင် ဆီတင်သင်္ဘောတစ်စီးနှင့် ငါးဖမ်းလှေတစ်စီးတို့ တိုက်မိရာမှ လှေနစ်မြုပ်၍ လူ ၁၃ဦးခန့်သေဆုံးခဲ့ပြီး ၂ဦးပျောက်ဆုံးနေကြောင်း ကမ်းခြေ စောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

သင်္ဘောသား ၂ဦးနှင့် ခရီးသည် ၂၀ခန့်ကိုတင်ဆောင်လာသော ဆီအွန်ချန်-၁ အမည်ရှိငါးဖမ်းလှေတစ်စီးသည် တန်ချိန် ၃၃၆ တန်ခန့်ရှိသော ဆီတင်သင်္ဘောတစ်စီးနှင့် အင်ချွန်းဆိပ်ကမ်းမြို့အနီးရှိ ပင်လယ်ပြင်၌ ဒေသ စံတော်ချိန် မနက် ၆နာရီခန့်တွင် ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်ရပ်ကြောင့် လူပေါင်း ၁၃ဦးခန့်သေဆုံးခဲ့ပြီး ရဦးခန့်ကို ဆေးရုံ၌ကုသမှုပေးနေကာ မာလိန်မှူးတစ်ဦး အပါအဝင် ၂ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏အဆိုအရ သိရသည်။ ငါးဖမ်းလှေနှင့် တိုက်မိခဲ့သော ဆီတင်သင်္ဘောမှာ ပျက်စီးဆုံးရှုံးမှုမရှိသလို လိုက်ပါလာသူများမှာလည်း ဒဏ်ရာရရှိခဲ့ခြင်း မရှိ ကြောင်း သိရသည်။

ရုပ်သံမှတ်တမ်းများအရ အဆိုပါငါးဖမ်းလှေသည် လှိုင်းလုံးများအောက်၌ နစ်မြုပ်နေပြီး ရေထဲမှတစ်စွန်းတစ်စ ပေါ်ထွက်နေသော ကုန်းပတ်တစ်ဝိုက်တွင် ရှာဖွေရေးများပြုလုပ်နေသည့် ကယ်ဆယ်ရေးသမားများကို တွေ့မြင် ရသည်။

ငါးဖမ်းလှေပေါ်၌ လိုက်ပါလာကြသူအားလုံးမှာ အသက်ကယ်အကျီင်္များဝတ်ဆင်ထားခဲ့ကြသော်လည်း လူအများ အပြားသည် ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းခြင်းကြောင့်   သေဆုံးခဲ့ရခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ Yonhap က သတင်းထုတ်ပြန်ခဲ့သည်။

ငါးဖမ်းလှေနစ်မြုပ်မှုကြောင့်ဖြစ်ပွားရသော လူသေဆုံးသည့်မတော်တဆဖြစ်ရပ်များကို တောင်ကိုရီးယား သတင်းစာများ၏ မျက်နှာဖုံးစာမျက်နှာ၌ အမြဲလိုလိုတွေ့မြင်ရလေ့ရှိသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ် စက်တင်ဘာလက ဂျီဂျူးအပန်းဖြေကျွန်းအနီး၌ လူပေါင်း ၁၅ဦးသေဆုံးခဲ့ရသည့် ငါးဖမ်းလှေနစ်မြုပ်မှုပြီးနောက်တွင် ဒီဇင်ဘာလ ၃ရက်နေ့ တနင်္ဂနွေနေ့၌ဖြစ်ပွားခဲ့သည့် ယခုငါးဖမ်းလှေနစ်မြုပ်မှု သည် အဆိုးရွားဆုံးသောဖြစ်ရပ်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly