ပုပ်ရဟန်းမင်းကြီးက နောက်ဆုံးခရီးစဉ်အဖြစ် မသန်စွမ်းသူများနှင့် မိဘမဲ့ကလေးများနှင့် တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီးက နောက်ဆုံးခရီးစဉ်အဖြစ် မသန်စွမ်းသူများနှင့် မိဘမဲ့ကလေးများနှင့် တွေ့ဆုံ

ဒါကာ၊ ဒီဇင်ဘာ ၂    ။        ။ ဘင်္ဂလားဒေ့ရှ်နို်င်ငံသို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က နောက်ဆုံးခရီးစဉ်အဖြစ် မာသာထရီဆာဂေဟာသို့ ဒီဇင်ဘာ ၂ ရက်တွင် သွားရောက်ကာ
မသန်စွမ်းများနှင့် မိဘမဲ့ကလေးငယ်များနှင့် တွေ့ဆုံသည်။

ဒါကာတွင် ဖွင့်လှစ်ထားသော ဆင်းရဲချို့တဲ့သူများ အကူအညီပေးရေးအသင်းကြီး၏ မာသာထရီဆာဂေဟာသို့ သွားရောက်ခြင်းဖြစ်ကာ မိဘမဲ့ကလေးငယ်များ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျန်းမာရေးဆိုင်ရာ မသန်စွမ်းသူများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။

ဆင်းရဲချို့တဲ့သူများ အကူအညီပေးရေးအသင်းကြီးအား တည်ထောင်သူ ကွယ်လွန်ပြီးနောက် ၁၉ နှစ်အကြာတွင် သူတော်စင်စာရင်း ထည့်သွင်းခံရသူ မာသာထရီဆာ၏  ပြတိုက်ငယ်သို့လည်း ပုပ်ရဟန်းမင်းကြီးက သွားရောက်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် အဆိုပါ ဂေဟာတွင် ကျန်းမာရေးပြုစုကုသမှုပေးနေသော အဆောင်နှစ်ဆောင်သို့ သွားရောက်ကာ အားလုံးအတွက် ဆုတောင်းပေးခဲ့သည်။

ထိုနောက်တွင် မြင့်မြတ်သော ရိုဆာရီဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး ယုံကြည်သော လူပရိသတ်၏ ကောင်းချီးပေးခြင်းကို ခံယူသည်။

ပုပ်ရဟန်းမင်းကြီးသည် အာရှခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိပြီး လေးရက်ကြာနေပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကာ ယနေ့ ဒီဇင်ဘာ ၂ ရက်သည် ခရီးစဉ်အဆုံးသတ်နေ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly