ပါကစ္စတန် ကောလိပ်တစ်ခုကို တာလီဘန်တို့ ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူ ကိုးဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

ပါကစ္စတန် ကောလိပ်တစ်ခုကို တာလီဘန်တို့ ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် လူ ကိုးဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

 

ဒီဇင်ဘာ ၁ ။                ။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါရာ မြို့က လေ့ကျင့်ရေး ကောလိပ်တစ်ခုကို ဒီဇင်ဘာ ၁ ရက်က တာလီဘန်သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ်သွားခဲ့လို့ အနည်းဆုံး လူကိုးဦး သေဆုံးပြီး ၃၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

မျက်နှာစည်းထားတဲ့ တာလီဘန် သေနတ်သမား အနည်းဆုံး သုံးဦးလောက်က သုံးဘီးယာဉ်တစ်စီးနဲ့ သောကြာနေ့ မနက်က ယင်း ပက်ရှ်ရှာဝါ စိုက်ပျိုးရေး လေ့ကျင့်သင်ကြားမှု ကောလိပ်တွင်းကို ၀င်ရောက်ပြီး ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်သူ အားလုံးကိုတော့ သုတ်သင်ရှင်းလင်းလိုက်နိုင်ကြောင်း ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

ပါကစ္စတန် တာလီဘန်တို့က ယင်းတိုက်ခိုက်မှုဟာ ၎င်းတို့ လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

ယင်းတိုက်ခိုက်မှု ဖြစ်ချိန်မှာတော့ အဆိုပါ ကောလိပ်ဟာ အားလပ်ရက်ဖြစ်လို့ ပိတ်ထားတယ်လို့တော့ ယူဆရပါတယ်။

ယင်း ကောလိပ်ဝန်းအတွင်း ပေါက်ကွဲသံ တစ်ကြိမ် ထက်မနည်း ကြားခဲ့ရတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာတော့ ကျောင်းသား ရှစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးတို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags