တရုတ်နိုင်ငံက မိုးမျှော်တိုက်ကြီးတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ဆယ်ဦး သေဆုံး

တရုတ်နိုင်ငံက မိုးမျှော်တိုက်ကြီးတစ်ခုမှာ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ဆယ်ဦး သေဆုံး

 

ဒီဇင်ဘာ ၁ ။              ။ တရုတ်နိုင်ငံမြောက်ပိုင်းက ဆိပ်ကမ်းမြို့ Tianjin မှာ ဒီဇင်ဘာ ၁ ရက် မနက်အစောပိုင်းတုန်းက အထပ်မြင့် လူနေ အဆောက်အဦးတာဝါကြီး တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူပေါင်း ဆယ်ဦး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် မနက် လေးနာရီ လောက်က အဆိုပါ အထပ်မြင့်တာဝါရဲ့ အထပ်ပေါင်း ၃၈ ထပ်ကနေစပြီး  မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ပြီး သုံးနာရီလောက်အကြာမှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ Tianjin မြို့ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရှိရသေးပေမယ့် အနည်းဆုံး လူတစ်ချို့ကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း မီးသတ်ဌာနက ပြောပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ယင်း မိုးမျှော်တိုက်ကြီးအတွင်း အခန်းတွင်း အလှဆင်တဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကနေ စပြီး လောင်ကျွမ်းခဲ့ပုံ ရတယ်လို့ ဖော်ပြထားပါတယ်။

ယင်း Tianjin မြို့မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း ဓာတုပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှု တစ်ခုကြောင့်  လူပေါင်း ၁၇၃ ဦးထိ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly