လူ ငါးဦး သေဆုံးပြီဖြစ်သည့် ထိုင်းတောင်ပိုင်း ရေကြီးမှုများတွင် ပြည်သူ လေးသိန်းနီးပါး ရေဘေးကြံုနေ

လူ ငါးဦး သေဆုံးပြီဖြစ်သည့် ထိုင်းတောင်ပိုင်း ရေကြီးမှုများတွင် ပြည်သူ လေးသိန်းနီးပါး ရေဘေးကြံုနေ

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ။        ။ ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်အချို့တွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးမှုများ ကြံုနေရာ လူငါးဦး သေဆုံးခဲ့ပြီး ရေဘေးဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူပေါင်းက ၃၈၅၀၀၀ ကျော်ထက်မနည်းရှိကြောင်း သဘာဝဘေးစီမံခန့်ခွဲမှု အေဂျင်စီက နိုဝင်ဘာ ၃၀ တွင် ထုတ်ပြန်သည်။

ပတ္တာနီပြည်နယ်တွင် လူနှစ်ဦးသေဆုံးပြီး ဆွန်ခလာတွင်လည်း နှစ်ဦးသေဆုံးကာ ယာလာတွင် သေဆုံးသူ တစ်ဦးရှိကြောင်း သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ပြည်နယ်သုံးပြည်နယ်အပြင် ပတ်သာလောင်၊ ထရန်း၊ နက်ခွန်စီသမ်မာရတ်၊ နာရာသီဝတ်နှင့် ဆူရတ်ဌာနီ ပြည်နယ်ငါးပြည်နယ်တွင်လည်း အားကောင်းသည့် မုတ်သုံကြောင့် မိုးအဆက်မပြတ်ရွာရာမှ ရေကြီးမှုများ ဖြစ်ပွားနေသည်။

အဆိုပါ ရှစ်ပြည်နယ်နှင့် ဆာသွန်ပြည်နယ်ရှိ ခရိုင် ရ၄ ခရိုင်မှ ကျေးရွာပေါင်း ၂၅၀၀ ကျော်မှာ ရေကြီးမှု ကြံုတွေ့နေရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

စက်တင်ဘာနှင့် ဒီဇင်ဘာလများကြားတွင် ထိုင်းတောင်ပိုင်းသည် ရေကြီးမှုများ ကြံုရလေ့ရှိပြီး အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများက ဇွန်လနှင့် အောက်တိုဘာလများကြား ရေကြီးမှု ကြံုရလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly