ရီးယဲလ်နောက်ခံလူ မာဆယ်လို အခွန်လိမ်လည်ကြောင်း ဝန်ခံ

ရီးယဲလ်နောက်ခံလူ မာဆယ်လို အခွန်လိမ်လည်ကြောင်း ဝန်ခံ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်အသင်း နောက်ခံလူ မာဆယ်လိုဟာ ၂၀၁၃ ခုနှစ်က ၎င်းရဲ့ ပုဂိုရေးဆိုင်ရာ ဝင်ငွေအခွန်နှင့် စပ်ဆက်တဲ့ စုစုပေါင်း ယူရိုငွေ ၄၉၀,၉၁၇ ကို ပေးဆောင်ရန် ပျက်ကွက်ခဲ့ခြင်းဖြင့် အခွန်လိမ်လည်မှု ကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး အဆိုငွေပမာဏကို စပိန်ဘဏ္ဍရေးဦးစီးဌာနသို့ ပြန်လည်ပေးဆောင်ရန် ကတိပြုလိုက်တယ်လို့ သိရပါတယ်။

အမှုလိုက်ရှေ့နေများ တရားစွဲဆိုခံရတဲ့ မာဆယ်လိုဟာ အင်္ဂါနေ့က မက်ဒရစ်မြို့ရှိ တရားရုံတစ်ခုမှာ ၁၀ မိနစ်ခန့် အမှုစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလက်ရွေးစင် မာဆယ်လိုဟာ စပိန်အစိုးရကို ပုံရိပ်အသုံးပြုခဝင်ငွေမှ ပေးဆောင်ရမည့် အခွန် ယူရိုငွေ ၄၉၀,၉၁၇ ကို ပြည်ပရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်ငွေလွှဲခြင်းဖြင့် အခွန်ရှောင်ခဲ့တယ်လို့ စွဲချက်တင်ခံရတာဖြစ်ပါတယ်။

မာဆယ်လိုဟာ ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်းနိစ်မှ ရီးယဲလ်သို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

၎င်းမတိုင်မီ စပိန်မှာ အခွန်ရှောင်တိမ်းကြောင်း စွဲချက်တင်ခံရတဲ့ ဘောလုံးသမားများမှာ မက်ဆီ၊ စီရော်နယ်လ်ဒို၊ ကာဗယ်လ်ဟို၊ ဒီမာရီယာ၊ မာရှေးယာနို၊ ဖယ်လ်ကာအိုနှင့် ကွန်ထရာအိုတို့ပဲဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags