တရားမျှတမှုနှင့် လူ့အခွင့်အရေးလေးစားမှုတို့ဖြင့်သာ ခက်ခဲသော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်ဟု ပုပ်ရဟန်းမင်းကြီး ပြော

တရားမျှတမှုနှင့် လူ့အခွင့်အရေးလေးစားမှုတို့ဖြင့်သာ ခက်ခဲသော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်ဟု ပုပ်ရဟန်းမင်းကြီး ပြော

မြန်မာနိုင်ငံသည် ရေရှည်အမြစ်တွယ်နေကာ နက်ရှိုင်းသည့် ကွဲပြားမှုများကို ဖန်တီးဖြစ်ပေါ်နေစေသည့် ပြည်တွင်းပဋိပက္ခများနှင့် ရန်လိုစစ်မက်ဖြစ်ပွားမှုများ၏ ဒဏ်ကို ခံစားနေရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးက “တရားမျှတမှုနဲ့ လူ့အခွင့်အရေးအပေါ် လေးစားမှုတို့ ရှိခြင်းမှသာ ငြိမ်းချမ်းရေး တည်ဆောက်မှု ခက်ခဲတဲ့ လုပ်ငန်းစဉ်နဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ကို  ဆောင်ကျဉ်း နိုင်မှာ ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောဆိုမှုအပြီး ပြောကြားသော ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

“ဘာသာချင်း မတူညီမှုတွေဟာ ကွဲပြားမှုတွေ၊ ယုံမှားသံသယဖြစ်မှုတွေရဲ့ ရင်းမြစ်ဖြစ်ဖို့ မဟုတ်ပါ။ စုစည်း ညီညွတ်မှု၊ ခွင့်လွတ်မှု၊ သည်းခံမှုနဲ့ နိုင်ငံတည်ဆောက်ရေး စိတ်ဆန္ဒတွေအတွက် တော်တန်တဲ့ ခွန်အားပေး ဖြစ်ရပါမယ်။”ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံက တိုင်းရင်းသားအဖြစ် လက်မခံသော ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို သုံးစွဲသွားခြင်း မရှိသည်ကိုလည်း ကြားသိရသည်။ ပုပ်သည် မြန်မာနိုင်ငံ လေးရက်တာ ခရီးစဉ်အပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ဆက်လက်သွားရောက်ရန် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly