မင်းဘူး/စကု ရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ကာ ၂ ဦးသေဆုံး၊ ရ ဦးပိတ်မိ

မင်းဘူး/စကု ရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ကာ ၂ ဦးသေဆုံး၊ ရ ဦးပိတ်မိ

နိုဝင်ဘာ ၂၈ ။            ။ မကွေးတိုင်းအတွင်းရှိ ကျောက်တစ်လုံးမှော် ကျောက်မီးသွေးတွင်းတွင် နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီ ကျော်ခန့်အချိန်က ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည့် လေပိုက်ပေါက်မှု ဖြစ်ပွားခဲ့ပြီး လူ နှစ်ဦး သေဆုံးကာ ရ ဦး ပိတ်မိနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်​း​ရွှေစက်​​တော်​ နှင်​့ ငဖဲသွားလမ်​း မန်​း​ရွှေစက်​​တော်​နှင်​့ ၂ မိုင်​ခန်​့ အကွာ​ရှိ ဟန်ထက်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်လုပ်ကိုင်နေသော   ကျောက်မီးသွေးတွင်း ဖြစ်ပြီး အဆိုပါ ထိခိုက်မှုတွင် တရုတ်နိုင်ငံသား ၂ ဦး ပါ၀င်ကြောင်း သိရသည်။

ဟန်ထက်ကုမ္မဏီမှ တူးဖော်လုပ်ကိုင်နေသည့် အနက်ပေ ၂၀၀မှ၂၅၀ အကြားရှိ ကျောက်မီးသွေးတွင်း အတွင်း ပို့ လွှတ်သည့် လေပိုက်ပေါက်မှုကြောင့် တရုတ်နိုင်ငံသား ချန်သောက်လွင်(အသက်-၄၃)နှစ်၊ ကျိန်ခွန်ရှိန် (အသက်-၅၉နှစ်)၊ မင်းဘူးမြို့နယ် တောကျာင်းကုန်းကျေးရွာနေ ကျောက်မီးသွေးတွင်းလုပ်သား ကိုမျိုး (အသက်-၂၄နှစ်)၊ မမီမီဇင်(အသက်-၂၂နှစ်)တို့ လေးဦးအား ငဖဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

လက်ရှိတွင် ယင်းဒဏ်ရာရသူများအနက် နှစ်ဦးသေဆုံးသွားပြီဖြစ်ပြီး သေဆုံးသူမှာ မြန်မာ ၂ ဦး ဖြစ်ကြောင်း မကွေးမီးသတ်ဦးစီးဌာနမှ သိရသည်။

“ ဒီနေ့မနက်တော့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ရောက်နေပြီး ပိတ်မိသူတွေကို ကယ်ဆယ်ဖို့ ဆောင်ရွက်နေကြပါတယ်။ အသက်ရှင်ဖို့တော့ သိပ်မျှော်လင့်လို့မရပါဘူး” ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေ သည့် ဘုရားကျေးရွာနေ ဦးသန်းထွန်းက ပြောသည်။

ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသည့် တွင်းလုပ်သား ခုနှစ်ဦးကို လတ်တလော အခြေအနေထိ ကယ်တင်ရန် ကြိုးစားနေဆဲဖြစ်ပြီး မီးသတ်ဦးစီးဌာန၊ရဲတပ်ဖွဲ့ဝင်များ ဒေသခံများ ဝိုင်းဝန်း ကူညီဆောင်ရွက် နေကြောင်း သိရသည်။

အခင်​းဖြစ်​​နေရာသို့ မ​ကွေးတိုင်​း​ဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၀န်ကြီး ဦး​နေမျိုး​ကျော်​နှင်​့ မ​ကွေးတိုင်​းဒေသကြီးရဲတပ်ဖွဲ့မှူ​းနှင့်ရဲတပ်​ဖွဲ့ဝင်​များ၊ ကြက်ခြေ​နီတပ်​ ဖွဲ့ဝင်များ၊ တိုင်း ခရိုင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မင်​းဘူး မြို့နယ်​အုပ်​ချူပ်​​ ရေးမှူး။ငဖဲမြို့နယ်​အုပ်​ချူပ်​​ရေးမှူးတို့နှင်​့ မင်​းဘူးမြို့လူမှုရေးအဖွဲ့အစည်းများ​ စုစု​ပေါင်​းအင်​အား (၂၀၀) ခန်​့လာ​ရောက် ကူညီပံ့ပိုးမှုများ လုပ်​​ဆောင်​နေ​ကြောင်​း သိရှိရသည်​။

အဆိုပါ ကျောက်မီးသွေးတွင်းသည် ဂလိုဏ်ဖောက်ကာ မြေသားနံရံ အထိန်းများတပ်ဆင်၍ အပိတ်တူးရသော ကျောက်မီးသွေးတွင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly