ဟွန်ဒူးရပ်စ်သမ္မတ ရွေးကောက်ပွဲတွင် မဲအနိုင်ရကာ ပြန်လည်ရွေးကောက်ခံရဟု ဆို

ဟွန်ဒူးရပ်စ်သမ္မတ ရွေးကောက်ပွဲတွင် မဲအနိုင်ရကာ ပြန်လည်ရွေးကောက်ခံရဟု ဆို

ဟွန်ဒူးရပ်စ်နို်င်ငံတွင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပသော မဲပေးသူမြင့်မြင့်မားမား ရှိခဲ့သည့် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဂျူအန်အော်လန်ဒိုဟာနန်ဒက်ဇ်က ပြန်လည်အရွေးကောက်ခံရကြောင်း အဓိကမီဒီယာများက ကြေညာသည်။

မဲဆန္ဒနယ်များ ပိတ်သိမ်းပြီး နှစ်နာရီအတွင်း မဲရလဒ်ကြေညာခြင်းကို တားမြစ်ထားသည့် ဥပဒေရှိထားသော်လည်း အမျိုးသား ရေဒီယိုအသံလွှင့်ဌာနနှစ်ရပ်က ဟာနန်ဒက်ဇ်သည် မဲရုံပိတ်ပြီး မကြာမီ အနိုင်ရသူအဖြစ် စိစစ်တွေ့ရှိကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

ကော်တီနှင့် အိုလန်ချိုပြည်နယ်ကဲ့သို့ နယ်များတွင် ဟာနန်ဒက်က မဲများစွာ ပိုရရှိကြောင်း အဆိုပါ သတင်းများက ဖော်ပြသည်။

သို့သော် တောင်ပိုင်း ချိုလူတီကာတွင် အတိုက်အခံဖက်က သမ္မတလောင်း ဆာဗာဒေါနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဟု ခန့်မှန်းထားသည်။

ဖွဲ့စည်းပုံအရ သမ္မတ နောက်တစ်ကြိမ် ရွေးကောက်ခံပိုင်ခွင့် မရှိဟုဆိုကာ အတိုက်အခံဖက်က ဟာနန်ဒက်၏ ပြန်လည်ရွေးကောက်ပွဲခြင်းကို ကန့်ကွက်၍လည်း ထားသည်။

ယခု ရွေးကောက်ပွဲတွင် လာရောက်စီတန်းကာ မဲပေးကြသည့် ဦးရေ များပြား၍ မဲရုံပိတ်ချိန်ကိုပင် နောက်ထပ် တစ်နာရီ ထပ်တိုးကာ ညနေငါးနာရီမှ ပိတ်စေပြီး မဲပေးစေခဲ့ခြင်း ဖြစ်သည်။

မဲရလဒ် တရားဝင် ကြေညာမှုကို မဲအားလုံး ရေတွက်ရန် လုံလောက်မှု မရှိသည့် အချိန်ဟု ခန့်မှန်းထားရသည့် အချိန်ဖြစ်သော်လည်း ည ခုနစ်နာရီခွဲမှာပင် ကြေညာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly