အကယ်ဒမီနေအောင်က NLD အလုပ်အမှု ဆောင်တစ်ဦးကို ၆၆ ဃ ဖြင့် အမှုဖွင့်

အကယ်ဒမီနေအောင်က NLD အလုပ်အမှု ဆောင်တစ်ဦးကို ၆၆ ဃ ဖြင့် အမှုဖွင့်
ဓါတ်ပုံ - ဦးသန့်ဇင်

ရန်ကုန် နိုဝင်ဘာ ၂၆ ။            ။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေအောင်က တရားလိုပြု၍ ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့်ထားခြင်းကိစ္စနှင့်ပတ်သက်၍ တုန်လှုပ်မှုမရှိ ဘဲ တရားဥပဒေဘောင်အတွင်းက ရင်ဆိုင်သွား မည်ဖြစ်ကြောင်း မြောက်ဒဂုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရပ်/ကျေး အလုပ်အမှု ဆောင် ဦးသန့်ဇင်က ပြောသည်။

ဦးသန့်ဇင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေး သားခဲ့သည့် post တစ်ခုနှင့်ပတ်သက်၍ အကယ် ဒမီနေအောင်က မြောက်ဒဂုံမြို့မရဲစခန်းတွင် နိုဝင် ဘာလ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးသန့်ဇင်သည် အသိမ်းဆည်းခံလယ်ယာမြေများ ဖော်ထုတ်ရေးအတွက် ဆောင်ရွက်နေသူဖြစ်ပြီး ၄င်းနှင့် အကယ်ဒမီနေအောင်ကြားတွင် မြေယာ ပြဿနာများရှိခဲ့ပြီး၊ ယင်းပြဿနာကိစ္စကို လူမှုကွန် ယက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းကြောင့် ဆက် သွယ်ရေးဥပဒေ ၆၆ ဃဖြင့် အမှုဖွင့်ခံရခြင်း ဖြစ် ကြောင်း သိရသည်။

လူမှုကွန်ယက်တွင်ရေးသားခဲ့သည့် မည်သည့်Postကြောင့် တရားစွဲသည်ကိုမူ မသိသေးကြောင်း ဦးသန့်ဇင် ကမဇ္စျိမကို ပြောသည်။

" ၅ လပိုင်းလောက်က တင်တဲ့ပို့စ်တစ်ခုကြောင့်ပါ၊ သူနဲ့ကျွန်တော်ဖြစ်နေတဲ့လယ်ယာမြေကိစ္စ အတွက် တင်ခဲ့တာ၊ ဘယ်ပို့စ်လည်းဆိုတာကို ကျွန်တော်ကိုယ် တိုင် တိတိကျကျ မသိရသေးဘူး ။၂၃ ရက်နေ့၊ ညနေပိုင်းက မြောက်ဒဂုံမြို့မရဲစခန်း က ဆင့်ခေါ်ပြီး အမှုစစ်က ကျွန်တော့်ဖုန်းကို စစ် ဆေးပြီး သိမ်းယူထားလိုက်တယ်၊ " ဟု မြောက်ဒဂုံမြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရပ်/ကျေး အလုပ်အမှု ဆောင် ဦးသန့်ဇင်က ယနေ့ နိုဝင်ဘာလ ၂၆ ရက် နေ့က ပြောသည်။

ယင်းအမှုကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံရဲစခန်းက တာဝန်ယူဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly