စစ်တပ်ကိုအသုံးပြု၍ အစ္စလာမ်မစ်ဆန္ဒပြသူများအား ထိန်းသိမ်းရန် ပါကစ္စတန်အာဏာပိုင်များကြိုးပမ်း

စစ်တပ်ကိုအသုံးပြု၍ အစ္စလာမ်မစ်ဆန္ဒပြသူများအား ထိန်းသိမ်းရန် ပါကစ္စတန်အာဏာပိုင်များကြိုးပမ်း

အစ္စလာမ်မာဘတ်၊ နို၀င်ဘာ ၂၆။           ။ အဓိကအဝေးပြေးလမ်းမကြီးများကို ၂ ပတ်နီးခန့်ပိတ်ဆို့ကာ ဆန္ဒပြနေကြသည့် ဘုရားသခင်၏နာမတော်ဖြင့် ကျိန်ဆဲခြင်းကိုဆန့်ကျင်ကြသော အစ္စလာမ်မစ်တရားသေသမားအုပ်စုအား ပါကစ္စတန်ရဲတပ်ဖွဲ့က ဖြိုခွင်းရာ၌ မအောင်မြင်ခဲ့သည့်အတွက် စစ်တပ်ကိုအသုံးပြု၍ထိန်းသိမ်းရန် ပါကစ္စတန်အာဏာပိုင်များက စနေနေ့၌ ကြိုးပမ်းခဲ့ကြသည်။

ပါကစ္စတန်လုံခြံုရေးတပ်ဖွဲ့များက နိုင်ငံ၏တရားရေးရာဝန်ကြီးအား ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုနေခဲ့ ကြသည့်ဆန္ဒပြသူများကို စနေနေ့ကဖြိုခွင်းရန်ကြိုးပမ်းရာတွင် ရဲအရာရှိ ၁၀၀ ခန့်အပါအဝင် လူပေါင်း ၂၃၀ခန့် ဒဏ်ရာရရှိခဲ့သည်။

“အစ္စလာမ်မာဘတ်မြို့ရဲ့နယ်နမိတ်အတွင်းမှာ ဥပဒေနှင့်အမိန့်ပေးနိုင်မှုကို ထိန်းချုပ်ရာ၌အကူအညီပေးဖို့ တပ်မဟာ ၁၁၁ တပ်မှူးကြီးရဲ့အမိန့်အောက်မှာ အမှုထမ်းမယ့် ပါကစ္စတန်စစ်တပ်ကို တပ်ဖြန့်ချထားဖို့ ပြည်ထောင်စုအစိုးရက အမိန့်ပေးလိုက်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထား သည်။

ကာကွယ်ရေးဦးစီးချုပ် ကွာမာဂျာဗက်ဘတ်ဂျ်ဝါက ၀န်ကြီးချုပ်ရှာဟစ်ခါဂန်အာဘတ်စ်အား ပါကစ္စတန်စစ်တပ် အနေဖြင့် အခြေအနေများကိုထိန်းသိမ်းဖို့လိုအပ်ကြောင်း ဖုန်းနှင့်ဆက်သွယ်ပြောဆိုခဲ့သည်။

“နိုင်ငံတော်ရဲ့စည်းလုံးမှုနဲ့အကျိုးကျေးဇူးအတွက် နှစ်ဖက်စလုံးကအဖွဲ့တွေကြားမှာ အကြမ်းဖက်ဖြစ်စဉ်တွေကို ရှောင်ရှားနိုင်ဖို့ Isb Dharna  အဖွဲ့ကို ငြိမ်းချမ်းစွာကိုင်တွယ်ဖြေရှင်းရန် ကာချုပ်က ၀န်ကြီးချုပ်ကို ဖုန်းခေါ်ပြီး အကြံဉာဏ်ပေးခဲ့ပါတယ်” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

လုံခြံုရေးတပ်ဖွဲ့ဝင် ၅၅၀၀ ခန့်သည် တရားရေးရာဝန်ကြီးဇာဟစ်ဟာမစ်ကို ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုနေကြသည့် Tehreek-e-Labaik  ပါတီမှ ဘာသာရေးခေါင်းဆောင် Khadim Hussain Rizvi ၏ နောက်လိုက်များအား ဖြိုခွင်းရာ၌ မအောင်မြင်ခဲ့သောကြောင့် ယခုလိုဖုန်းဆက်၍ အကြံပေးရခြင်းဖြစ်သည်။

ဆန္ဒပြသူများနှင့် လုံခြံုရေးတပ်ဖွဲ့ဝင်များကြားရှိ အချင်းများမှုများသည် အခြားမြို့များသို့ ပျံ့နှံ့သွားပြီးနောက် လုံထိန်းရဲတပ်ဖွဲ့သည် ဖြိုခွင်းမှုအား အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly