ပူးမားနှင့်တစ်နှစ်ပေါင်သန်း ၅၀ တန် ဝတ်စုံစပွန်ဆာစာချုပ်နိုင်ရန် မန်စီးတီးနီးစပ်

ပူးမားနှင့်တစ်နှစ်ပေါင်သန်း ၅၀ တန် ဝတ်စုံစပွန်ဆာစာချုပ်နိုင်ရန် မန်စီးတီးနီးစပ်

 

 

နိုဝင်ဘာ ၂၅၊ မန်ချက်စတာ။             ။ မန်ချက်စတာစီးတီးအသင်းသည် ၎င်းတို့၏သမိုင်းတွင် အများဆုံးအဖြစ် ပူးမားနှင့်တစ်နှစ်ပေါင်သန်း ၅၀ တန် ဝတ်စုံစပွန်ဆာ စာချုပ်နိုင်ရန် နီးစပ်နေပြီဖြစ်သည်။

ထိပ်တန်းအားကစားပစ္စည်းကုမ္ပဏီကြီးနှင့် ပရီးမီးယားလိဂ်ဦးဆောင်သူ စီးတီးအသင်းတို့အကြား ဆွေးနွေးမှုမှာ အပြီးသတ်လု နီးပါးဖြစ်နေပြီဟု စပို့စ်မေးလ်သတင်းတွင် ဖော်ပြထားသည်။

Nike နှင့် လက်ရှိချုပ်ဆိုထားသည့် တစ်နှစ်ပေါင်သန်း ၂၀ ဝန်းကျင်တန်စာချုပ်မှာ ရာသီကုန်တွင်ပြည့်မည်ဖြစ်ပြီး ပိုကောင်းသည့် စပွန်ဆာကို အသင်းတာဝန်ရှိသူများက ရှာဖွေနေသည်။

ပေါင်သန်း ၅၀ ဝန်းကျင်ကိန်းဂဏန်းမှာ ရာသီအစပိုင်းတွင် ချယ်လ်ဆီးနှင့် Nike တို့ချုပ်ဆိုခဲ့သည့်တန်ဖိုးနှင့် တန်းတူနီးပါးဖြစ်သည်။ ထို့ပြင် adidas နှင့် တစ်ရာသီပေါင် ရ၅ သန်းဝန်းကျင့်ဖြင့် ၁၀ နှစ်စာချုပ်ထားသည့် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နှင့်လည်း မတိမ်းမယိမ်းဖြစ်လာမည်ဖြစ်သည်။

စာချုပ်ကိစ္စနှင့်ပတ်သက်ပြီး စီးတီးအသင်းအပြင်ပူးမားကပါ မှတ်ချက်ပေးရန်ငြင်းဆန်ထားကြသော်လည်း နည်းပြဂွာဒီယိုလာ၏ အမည်အမှတ်တံဆိပ် ကမ္ဘာလုံးဆိုင်ရာပျံ့နှံ့နိုင်စွမ်းကြောင့်ဖြစ်နိုင်သည်ဟု စပို့စ်မေးလ်ကသုံးသပ်ထားသည်။

အမြင့်မားဆုံး ဘောလုံးဝတ်စုံစပွန်ဆာစာချုပ်များ

အသင်း          တံဆိပ်           တစ်နှစ်တန်ဖိုး             ခုနှစ်

ဘာစီလိုနာ      Nike             ပေါင်သန်း ၁၀၀           ၂၀၁၈-၂၈

မန်ယူ            Adidas           ပေါင် ရ၅ သန်း            ၂၀၁၅-၂၅

ချယ်လ်ဆီး       Nike             ပေါင်သန်း ၆၀             ၂၀၁၇-၃၂

ဘိုင်ယန်         Adidas           ပေါင် ၄၂ ဒသမ ၅ သန်း ၂၀၁၅-၃၀

ဘာစီလိုနာ      Nike             ပေါင် ၃၅ သန်း            ၂၀၀၈-၁၈

ရီးယဲလ်          Adidas           ပေါင် ၃၄ သန်း            ၂၀၁၂-၂၀

ချယ်လ်ဆီး       Adidas           ပေါင်သန်း ၃၀             ၂၀၁၃-၁၇

အာဆင်နယ်     Puma            ပေါင်သန်း ၃၀             ၂၀၁၄-၁၉

စပါး              Nike             ပေါင်သန်း ၃၀             ၂၀၁၇-

လီဗာပူးလ်       Warrior         ပေါင် ၂၅ သန်း            ၂၀၁၂-၁၈

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly