ပီနန်ဆရာတော် မလေးရှားတွင် ပျံလွန်တော်မူ

ပီနန်ဆရာတော် မလေးရှားတွင် ပျံလွန်တော်မူ
(ဓာတ်ပုံ - အရှင်ကောဝိဒ)

ကမ႓ာ့ဗုဒ္ဓသာသနာပြု၊ ပီနန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ) သည် ယနေ့ နိုဝင်ဘာလ၂၄ရက်၊ မလေးရှားစံတော်ချိန်၊ နံနက် ၅ နာရီ အချိန်က မလေးရှားနိုင်ငံ၊ ပီနန်ကျွန်းရှိ ဆေးရုံ ကြီးတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

ပီနန်ဆရာတော်ဘဒ္ဒန္တပညာဝံသ (၁၉၂၈-၂၀၁၇) သည် ပီနန်စံတော်ချိန် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ပျံလွန်တော်မူခဲ့ပြီး၊ ပျံလွန်တော်မူချိန်တွင် သက် တော် ၈၉ နှစ်ရှိပြီဖြစ်သည်။ ဆရာတော် ပျံလွန် တော်မူခဲ့ကြောင်း ဆရာတော်၏တပည့်ရင်းဖြစ်သူ အရှင််ကောဝိဒက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ တွင် ယနေ့ နံနက်ပိုင်းက ရေးသားခဲ့ခြင်းဖြစ်သည်။

"ဘဒ္ဒန္တပညာဝံသ(အဂ္ဂမဟာပဏ္ဍိတ) ပီနန်ဆရာ တော်(၁၉၂၈-၂၀၁၇) ပြည်ပသာသနာပြုလောက ကို အသွင်သစ်ဖြင့် တိုးတက်အောင် လမ်းညွှန်ဦး ဆောင်မှုပေးခဲ့သူ သာသနာ့ ဥသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ဥက္ကဋ္ဌ၊ ပီနန်၊ စင်ကာပူ၊ သြစတေလျ၊ နယူးဇီလန်၊ လော့စ်အိန် ဂျယ်လိစ်၊ နယူးယောက်၊ တိုရန်တို၊ ဆာစကက် တွန်း၊ ဗန်ကူးဗား(ကနေဒါ) အစရှိသော မြန်မာ ကျောင်းများ၏ဦးစီးနာယက ပဓာနဆရာတော် ဘုရားကြီးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင် သောကြာနေ့နံနက် ဒေသစံတော်ချိန် နံနက် (၅း၁၅)နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူ သွားပြီဖြစ်ပါကြောင်း တကာ၊ တကာမ အပေါင်းတို့ အား ဝမ်းနည်းစွာဖြင့် အသိပေး အကြောင်းကြား အပ်ပါသည်၊ နယူးယောက်မှ တကာ၊ တကာမများ က မနက်ဖြန်နံနက် ၆ နာရီတွင် ဆရာတော်ဘုရား ကြီးတည်ထောင်ထားသော ဗုဒ္ဓဒီပံကျောင်းတွင် သက်ပျောက်ဆွမ်းကပ်လှူပါမည်"ဟု ဆရာတော် ၏တပည့်ရင်းဖြစ်သူအရှင််ကောဝိဒက ရေးသားခဲ့သည်။

ပီနန်ဆရာတော်ကြီးသည် ၂၀၁၆ ခုနှစ်က မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပိုင်ဆိုင်မှု အငြင်းပွားခဲ့ဖူးသူဖြစ်သည်၊

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly