ကမ္ဘာ့နေထိုင်ရန် အကောင်းဆုံးမြို့အဖြစ် မဲလ်ဘုန်းက ဆက်လက်သရဖူဆောင်း

ကမ္ဘာ့နေထိုင်ရန် အကောင်းဆုံးမြို့အဖြစ် မဲလ်ဘုန်းက ဆက်လက်သရဖူဆောင်း

လန်ဒန်၊ သြဂုတ် ၁၉ ။         ။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သည် ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးဖြစ်သည်။ သို့သော်လည်း ယေဘုယျအားဖြင့် ပဋိပက္ခနှင့် အကြမ်းဖက်ဝါဒတို့ကြောင့် ကမ္ဘာလုံးဆိုင် ရာမြို့ပြ နေထိုင်မှုအခြေအနေများမှာ အကျဘက်သို့ ဦးတည်နေသည်ဟု သြဂုတ် ၁၈က ပုံနှိပ်ထုတ်ဝေခဲ့သော လေးစားခံရသည့် ဗြိတိသျှလေ့လာမှုတစ်ခုက ဖော်ပြခဲ့သည်။

Economist Intelligence Unit ပြုလုပ်သော Liveability Ranking ဟုအမည်ပေးထားသည့် နှစ်ပတ်လည်လေ့လာမှုတွင် ကမ္ဘာ့မြို့ကြီး ၁၄၀ အနက် မဲလ်ဘုန်းက ငါးနှစ်မြောက် ထိပ်ဆုံးနေရာရောက် ရှိခဲ့ပြီး ၂၀၁၁ခုနှစ်က ထိပ်ဆုံးရောက်ရှိခဲ့သော ကနေဒါနိုင်ငံ၏ ဗင်ကူးဗားမြို့နှင့် သြစတြီးယားနိုင်ငံ၏ ဗီယင်နာမြို့တို့၏ ရှေ့ကို ရောက်နေခဲ့သည်။ လေ့လာမှုက ကျယ်ပြန့်သည့် အကြောင်းအရာငါးခုအပေါ် အမှတ်ပေးကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ တည်ငြိမ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်၊ ပညာရေးနှင့် အခြေခံအဆောက်အအုံတို့ဖြစ်သည်။

ပိုမိုကြွယ်ဝသောနိုင်ငံများရှိ လူဦးရေထူထပ်မှုနည်းသော အလယ်အလတ်မြို့ကြီးများမှာ အမှတ်များစွာရရှိခဲ့ပြီး ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့မှ မြို့ခုနှစ်မြို့မှာ ထိပ်တန်း ဆယ်မြို့စာရင်းတွင် ပါဝင်ခဲ့သည်။

လန်ဒန်၊ နယူးယောက်၊ ပါရီနှင့် တိုကျိုကဲ့သို့ ကမ္ဘာမြို့ကြီးများမှာ ပြန့်ကားလွန်းသည့် အခြေခံအဆောက်အအုံများနှင့် ရာဇဝတ်မှုမြင့်မားခြင်းတို့ကြောင့် ထိပ်တန်းစာရင်းမဝင်ခဲ့ပေ။ တိုကျိုမှာ အဆင့် ၁၅၊ ပါရီမှာ အဆင့် ၂၉၊ လန်ဒန်မှာ အဆင့် ၅၃နှင့် နယူးယောက်မှာ အဆင့် ၅၅သာရရှိခဲ့သည်။

ထိပ်တန်းမြို့ ငါးမြို့မှာ အဆင့်မပြောင်းလဲသော်လည်း သုံးပုံတစ်ပုံကျော်မှာ အဆင့်ပြောင်းလဲမှုများရှိခဲ့သည်။ အဆင့်ကျခဲ့သည့် မြို့အများစုမှာ တည်ငြိမ်မှုယိုယွင်းလာခြင်းကြောင့် ဖြစ်သည်။ ပြင်သစ်နှင့် တူနီးရှားတွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများနှင့် အရှေ့အလယ်ပိုင်းတွင် အိုင်အက်စ်တို့က ဆက်လက်တိုက်ခိုက်နေမှုတို့ကြောင့် နိုင်ငံအများအပြားတွင် အကြမ်းဖက်အန္တရာယ် ခြိမ်းခြောက်မှု မှာမြင့်မားလာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

ထိုစဉ် ရဲတပ်ဖွဲ့၏ ရက်စက်မှုများ၊ ဒီမိုကရေစီအရေးနှင့် ခြိုးခြံချွေတာရေးတို့နှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှုများကလည်း နိုင်ငံအများရှိ မြိုပြတည်ငြိမ်မှုကို မြင့်မားလာစေသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ်က လူထုဆန္ဒပြပွဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုများကြောင့် ဟောင်ကောင်မှာ အဆင့်လျော့ကျသွားခဲ့သည်။

ဆက်လက်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် အဝေးဆုံးသို့ အဆင့်လျော့ကျခဲ့သည့် မြို့သုံးမြို့မှာ လစ်ဗျားမြို့တော် ထရီပိုလီ၊ ယူကရိန်းမြို့တော် ကိဗ်နှင့် ဆီးရီးယားမြို့တော် ဒမတ်စကပ်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly