လာမည်ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့မည်မဟုတ်ဟု ဂရစ်ဇ်မန်းပြော

လာမည်ဇန်နဝါရီတွင် အသင်းပြောင်းရွှေ့မည်မဟုတ်ဟု ဂရစ်ဇ်မန်းပြော

 

နိုဝင်ဘာ ၂၁၊ စပိန် ။                  ။ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အသင်းပြောင်းရွှေ့မည်မဟုတ်ဘဲ အက်သလက်အသင်း၌သာ ဆက်လက်ကစားသွားမည် ဖြစ်ကြောင်း ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောဆိုလိုက်သည်။

ဂိုးမရှိသရေကျခဲ့သည့် မက်ဒရစ်ဒါဘီပွဲစဉ်တွင် ၈ ပွဲဆက် ဂိုးပေါက်ပျောက်နေသည့် ဂရစ်ဇ်မန်းကို အက်သလက်ပရိသတ်များက အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် ဂရစ်ဇ်မန်းမှာ လာမည့်အပြောင်းအရွှေ့ကာလ၌ ရီးယဲလ် သို့မဟုတ် ဘာစီလိုနာအသင်းထံသို့ ပြောင်းတော့မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ဂရစ်ဇ်မန်းသည် ရာသီအစက မန်ယူသို့ပြောင်းရန် အခွင့်အရေးရခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး အက်သလက်နှင့် စာချုပ်သက်တမ်းတိုးခဲ့သူ ဖြစ်သည်။ ၎င်း၏ရွေးချယ်မှုအတွက် နောင်တမရကြောင်း ဂရစ်ဇ်မန်းက ဆိုသည်။

 “အက်သလက်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့လို့ နောင်တမရပါဘူး။ ဒါက ကျွန်တော့်ရွေးချယ်မှုပါပဲ။ ကျွန်တော်တို့အသင်း ရ ပွဲဆက်တိုက် ရှုံးနိမ့်နေတယ် ဆိုရင်တောင် ကျွန်တော်ဒီမှာပဲ ဆက်နေပြီး   နောက်တစ်ကြိမ် အောင်မြင်မှုရဖို့ ကြိုးစားသွားမှာပါ” ဟု ဂရစ်ဇ်မန်းက ဆိုခဲ့သည်။

ဂိုးပေါက်ပျောက်နေခြင်းမှာ သူ၏ပြဿနာဖြစ်ပြီး အသင်းကို ဖြစ်နိုင်သမျှအမြင့်ဆုံးရောက်ရှိရန် ပြင်းပြင်းထန်ထန် ကြိုးစားသွားမည်ဟု ပြင်သစ်တိုက်စစ်မှူးက ဆိုသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags