အမျိုးသားစာပေတစ်သက် တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်

.

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု  (ဆုနှင်းသဘင်အခမ်းအနား)ကို ရန်ကုန်မြို့၊ UMFCCI တွင် ယနေ့၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဝတ္ထုရှည်စာပေဆုတွင် ညီပုလေး ရေးသားသည့် ထက်မြက်တဲ့ ဓားသွား ပေါ်က ချိုမြမြ ပျားရည်စက် (မျိုးဆက်သစ်စာပေတိုက်)၊ ဝတ္ထုတိုပေါင်းချုပ် စာပေဆုတွင် မင်းဝေဟင် ရေးသားသည့် လရိပ် အောက်က မိုးတိမ်မဂ္ဂဇင်း ဝတ္ထုတိုများ (ပိတောက် ရနံ့စာပေတိုက်)၊ ကဗျာပေါင်းချုပ်စာပေဆုတွင် ကိုရွေး ရေးသားသည့် ရန်ကုန်ကို အလစ်မပေးနဲ့ ဒေလီယာကဗျာများ (စိတ်ကူးချိုချို စာပေတိုက်)၊ စာပဒေသာစာပေဆုတွင် ကိုခါး (ကွမ်းခြံကုန်း) ရေးသားသည့် ရေနွေး ဖန်ဖန်၊ ရေချိုချို (ရန်အောင်စာပေတိုက်-၂)၊ ကလေးစာပေဆု တွင် မောင်တင်စိုး (သစ်ရာကောက်)ရေသားသည့် ကဗျာကျောင်းနှင့် ဒေါင်းမလေး ကလေးကဗျာ များ(မြစ်ကွေ့စာပေတိုက်)၊ လူငယ်စာပေဆုတွင် ယမင်းမြတ်အေး ရေးသားသည့် အိပ်မက်ချိုချို ဘဝခါးခါး (လင်းလွန်းခင်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုတွင် မောင်နိုင်(ဒဿနိက)ရေးသားသည့် ရှေးမြန်မာ သင်္ဘောတော်ကြီးများနှင့် ရေကြောင်းအတတ်ပညာလေ့လာမှု (ကမ်းရိပ်မွန် စာပေတိုက်)၊ သုတပဒေသာ(အသုံးချသိပံ္ပ)စာပေဆု တွင် ကျော်ဦး ရေးသားသည့် မိုးရေလှောင်ကန် (ပါရမီစာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် ဒေါက်တာကျော်ဝင်း (သမိုင်းပါမောက္ခ-ငြိမ်း) ရေးသားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း (ခေတ်ပြတိုက်စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ (သုတ)စာပေဆုတွင် ဒေါက်တာ ခင်မောင်ညွန့်ရေးသားသည့် The Historic Bells of Yangon (သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက် ဦးစီးဌာန)တို့ကို ဆုချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် စာရေးဆရာမောင်သာနိုးက မြန်မာနိုင်ငံ တွင် စာဖတ်သည့်အလေ့အထ လူများတွင် နည်းပါး လာကြောင်း၊ အထူးသဖြင့် စာရေးဆရာများသည် ပင်လျှင် စာဖတ်ရှုခြင်း နည်းပါးလာသည်ဟု ပြော သည်။

"တစ်ချို့စာရေးဆရာတွေဆိုရင် ငါတော့စာရေး ဆရာဖြစ်ပြီစာဖတ်ဖို့ မလိုတော့ဘူးဆိုတဲ့ ပုံစံမျိုး တွေဖြစ်လာပါတယ်၊ ဒါက သိပ်မှားတယ်၊ စာရေး ဆရာဆိုရင် ပိုပြီးစာဖတ်ရမယ်လေ"  ဟု ဆရာ မောင်သာနိုးက အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက် တာဆု ၃ ဦး၊ အမျိုးသားစာပေဆု ၁၀ ဦး၊ စာပေ ဗိမ္မာန်စာမူဆု ၂၆ ဦးတို့ကို  ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်ဒုတိယ သမ္မတဦးမြင့် ဆွေ၊ သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးနိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ စာပေအဖွဲ့အစည်း များတက်ရောက်၍ စာပေပညာရှင်ကြီးများအား ဆု ချီးမြှင့်ခဲ့သည်။