စည်းကမ်းပိုင်းကြောင့် တိုက်စစ်မှူး အူဘာမီယန်းကို ဒေါ့မွန်အသင်း လူစာရင်းမှ ချန်လှပ်

စည်းကမ်းပိုင်းကြောင့် တိုက်စစ်မှူး အူဘာမီယန်းကို ဒေါ့မွန်အသင်း လူစာရင်းမှ ချန်လှပ်
(ဓာတ်ပုံ - အီးပီအေ)

ဒေါ့မွန်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းကို စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် အသင်းလူစာရင်းမှ ချန်လှန်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၈ နှစ်ရှိ ကစားသမားဟာကို သောကြာနေ့ စတုတ်ဂတ်အသင်းနှင့် ကစားမယ့် ဘွန်ဒီလီဂါပွဲမှာ ပါဝင်နိုင်မဟုတ်ကြောင်း ဒေါ့မွန်က ကြေညာခဲ့ပြီး ချန်လှပ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းရင်းများအပေါ် အသေးစိတ်ရှင်းပြမထားပေ။

ဒေါ့မွန်အသင်းဟာ လိဂ်ပွဲ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ဘွန်ဒီလီဂါအမှတ်ပေးဇယားမှာ အဆင့် ၃ အထိ ကျဆင်းသွားပြီး ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ် ကွာဟသွားပါတယ်။

လာမယ့်အပတ် အင်္ဂါနေ့မှာ ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့မှာ ချယ်လ်ဆီး၊ မန်စီးတီးနှင့် ပီအက်ဂျီတို့က ခေါ်ယူဖို့ ဆက်သွယ်ခံခဲ့ရတဲ့ အူဘာမီယန်းဟာ ယခုရာသီ ဘွန်ဒီလီဂါ ဟက်ထရစ်သွင်းဂိုး နှစ်ကြိမ်အပါအဝင် ၁၂ ပွဲမှာ ၁၅ ဂိုး သွင်းယူထားပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly