တိုရွန်တို လူနေရပ်ကွက်အိမ်တစ်အိမ်မှ မိကျောင်းပေါင်း ၁၅၀ ကို တိရစ္ဆာန်ရုံက ကယ်ဆယ်ခဲ့ရ

တိုရွန်တို လူနေရပ်ကွက်အိမ်တစ်အိမ်မှ မိကျောင်းပေါင်း ၁၅၀ ကို တိရစ္ဆာန်ရုံက ကယ်ဆယ်ခဲ့ရ
ဓာတ်ပုံ - Huffington Post

တွားသွားတိရစ္ဆာန်ရုံတစ်ရုံမှ မိကျောင်းပေါင်း ၁၅၀ မွေးမြူထားသည့် လူက အကူအညီ တောင်းခံလာခဲ့သည့်အတွက် လွန်ခဲ့သည့်ရက်သတ္တပတ် သောကြာနေ့က တိုရွန်တိုနယ်မြေရှိ အိမ်တစ် အိမ်မှ ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

“ကိုယ်မြင်နေရတာကိုတောင် ကိုယ်မယုံနိုင်ဘူး ဖြစ်သွားတယ်။ တစ်စုံတစ်ယောက်ဟာ ဒီလောက်များတဲ့ မိကျောင်းတွေကို အရွယ်ရောက်လာတဲ့အထိ မွေးမြူထားခဲ့တယ် ဆိုတာကို မယုံနိုင်အောင်ဖြစ် သွားတယ်’’ဟု အင်ဒီးယန်းမြစ် တွားသွားတိရစ္ဆာန်ရုံမှ ဘရိုင်လွိုက်က CBC ရုပ်သံကို ပြောကြားသည်။

မိကျောင်းများကို မှန်ကန်ကြီးများထဲတွင် ဆယ်နှစ်နီးပါး မွေးမြူလာခဲ့ကြသည်မှာ လင်မယား စုံတွဲ တစ်တွဲဖြစ်ပြီး မည်သူမည်ဝါဟုတော့ လွိုက်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ “စီးပွားရေး တစ်ခု အနေနဲ့ စလုပ်ခဲ့ပုံရတယ်။ နောက်တော့မှ မိကျောင်းတွေကို သံယောဇဉ်ဖြစ် သွားပြီး အိမ်မွေးတိရစ္ဆာန်အနေနဲ့ ထိန်းသိမ်းထားခဲ့တာပေါ့’’ဟု လွိုက်က မိကျောင်းမွေးမြူသူ အ ကြောင်း ပြောပြသည်။

တိုရွန်တိုတွင် ပြည်သူများအား မိကျောင်း မွေးမြူထားရန် ဥပဒေက ခွင့်မပြုပါ။ မိကျောင်းများ ကို မွေးမြူထားခဲ့သည့် အိမ်နေရာအတိအကျကို မသိရသောကြောင့် နောက်ဆက်တွဲ အရေးယူမှုများ လုပ်မရဖြစ်နေ သည်ဟုလည်း တိုရွန်တို တိရစ္ဆာန်ဝန်ဆောင်မှုဌာနမှ ကြီးကြပ်ရေးမှူး ကားဘန်ဒိုးက ပြောကြားသည်။

ဤဖြစ်ရပ်ကြောင့် မြို့အာဏာပိုင်များမှာ ဒေါသူပုန်ထနေကြပြီး စုံစမ်း စစ်ဆေးရန် တိုက်တွန်း နေသော်လည်း သူတို့ကိုယ်တိုင်လည်း မိကျောင်းများကို မွေးမြူထားခဲ့သည့် နေရာအတိအကျကို မသိနိုင်ကြ ဘဲဖြစ်နေသည်ဟု ဆိုသည်။ မိကျောင်းများမှာ ကျန်းမာရေးအခြေအနေ မဆိုးပါဟုတော့ လွိုက်က တိုရွန်တိုစတား သတင်း စာကို ပြောပြသည်။

“မိကျောင်းအများစုက ကျန်းမာရေး အလွန်ကောင်းနေပါတယ်။ သိပ်မလှုပ်ရှားရတော့ ကြွက်သားတွေ မကြီးမားလှပေမယ့်လည်း ကျန်းမာရေးတော့ ကောင်းကြပါတယ်’’ဟု လွိုက်က ပြောကြားသည်။

မိကျောင်း ပိုင်ရှင်ဟောင်းများက မိကျောင်းကယ်ဆယ်ရေး လုပ်ငန်းများကို ချဲ့ထွင်ရန် တိရစ္ဆာန်ရုံကို အလှူငွေများလည်း လှူဒါန်းသွားသည်ဟု ဆိုသည်။ မိကျောင်းများကို တိရစ္ဆာန်ရုံသို့ ပို့ဆောင် ရန်စေတနာ ဝန်ထမ်း အယောက် ၂၀ နှင့် ၈ နာရီကြာအောင် ဖမ်းဆီးခဲ့ကြရသည်ဟု ဆို သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly